Pages

Pages

ဘီးလင်းမြို့နယ်ရုံး လူထုအခြေပြုဗဟိုဌာန၌ “အနာဂတ်၏ခေါင်းဆောင်မှုပညာ “စာအုပ် ဖြင့် စာဖတ်ဝိုင်းပြုလုပ်

MNP -  ဒီဇင်ဘာ  ၂၀

      မွန်ပြည်နယ် ၊ဘီးလင်းမြို့နယ် ပြန် ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီး ဌာနရုံး ၊လူထုအခြေ ပြုဗဟိုဌာန ( Community   Centre) ခန်းမတွင်ဒီဇင်ဘာ (၂၀)ရက် နံနက် ၁၀နာရီက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန နှင့် စာပေချစ်သူများ ပူးပေါင်း၍ စာရေးဆရာ ဒေါက်တာအောင်ထွန်းသက် ရေးသား သည့် “အနာဂတ်၏ခေါင်းဆောင်မှုပညာ“ စာအုပ်ဖြင့်စာဖတ်ဝိုင်း ဆွေးနွေးပွဲ ကိုပြုလုပ်ခဲ့သည်။

    ရှေးဦးစွာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံ က စာဖတ်ဝိုင်း ကျင်းပပြုလုပ်ရခြင်း  ရည်ရွယ်ချက် ကို ရှင်းလင်းပြောကြားခဲ့ပြီး (Book  Club )အဖွဲ့ဝင် ဦးဝင်းနိုင်ဦး  (Youth Club) အဖွဲ့ဝင် နန်းရတီလှိုင် တို့က ဦးဆောင်ဆွေးနွေးကြပြီး တက်ရောက် လာကြ သည့် လူငယ် လူရွယ်များက စာအုပ်ပါအကြောင်း အရာများကို အပြန်အလှန် ဆွေးနွေးခဲ့ကြသည်။

        အဆိုပါ စာဖတ်ဝိုင်းဆွေးနွေးပွဲများကို ဆောင်ရွက်ပေးခြင်းဖြင့် လူငယ် ၊လူရွယ်များ ၊စာဖတ်သည့်အလေ့အကျင့် ရှိလာစေရန် ၊စာပေမှ ရရှိသည့် အသိပညာဖြင့်သူတစ်ပါးအား မျှဝေပေးနိုင်ရန်နှင့် ပူး ပေါင်းဆောင်ရွက် တတ်သည့် အလေ့ အကျင့်ကောင်းများရရှိလာစေရန် ရည်ရွယ်ဆောင်ရွက် ခြင်းဖြစ်ကြောင်းသိရသည်။

ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment