Pages

Pages

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းရင်းသားပဒေသာကပွဲနှင့် ကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲကျင်းပ




MNP  -  ဒီဇင်ဘာ ၃၀

(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် တိုင်းရင်းသားပဒေသာကပွဲနှင့် ကာယဗလမောင်၊ ကာယအလှမယ်ပြိုင်ပွဲကို ယမန်နေ့နံနက်(၉:၃၀)နာရီက ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပြည်တက္ကသိုလ် ဘက်စုံသုံးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။    


အခမ်းအနားတွင် ပြည်တက္ကသိုလ်ပါမောက္ခချုပ်ဒေါက်တာသက်လွင်က နှုတ်ခွန်းဆက်စကားပြောကြားပြီး ကျောင်းသား၊ ကျောင်းသူလေးများက တိုင်းရင်းသားပဒေသာအကအလှများဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။


ဆက်လက်၍ ကာယဗလမောင်ပြိုင်ပွဲနှင့် ကာယအလှမယ်ပြိုင်ပွဲများကျင်းပပြီး ဆုရရှိသူများအား တာဝန်ရှိသူများကဆုများ အသီးသီးပေးအပ်ခဲ့ကြပါသည်။


အဆိုပါအခမ်းအနားကို ဒေသကွပ်ကဲမှုစစ်ဌာနချုပ် ဒေသကွပ်ကဲရေးမှူးဗိုလ်မှူးချုပ် အောင်နိုင်ဦးနှင့်ဇနီး၊ ပြည်ခရိုင်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့်ဇနီး၊ ခရိုင်နှင့်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့မိမြို့ဖများ၊ ပြည်တက္ကသိုလ်ပါမောက္ခချုပ်နှင့် ဒုတိယပါမောက္ခချုပ်များ၊ ပါမောက္ခ(ဌာနမှူးများ)သင်တန်း၊ စီမံ(ဌာနမှူး)များ၊ ပါမောက္ခများဆရာ/ဆရာမများ ဝန်ထမ်းများနှင့် ကျောင်းသားကျောင်းသူများ တက်ရောက်ခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment