ထုံးကြီးဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေပေးနေသည့် ထုံးကြီးမြောင်းမှ ပျက်စီးနေသည့် ပြွန် (၉) လုံးအား ပြန်လည်ပြုပြင်ခြင်းဆောင်ရွက် - Myanmar National Post

Myanmar National Post

News Agency

Breaking

ထုံးကြီးဆည်ရေသောက်စနစ်ဖြင့် စိုက်ပျိုးရေပေးနေသည့် ထုံးကြီးမြောင်းမှ ပျက်စီးနေသည့် ပြွန် (၉) လုံးအား ပြန်လည်ပြုပြင်ခြင်းဆောင်ရွက်




MNP - ဒီဇင်ဘာ ၇


စိုက်ပျိုးသီးနှံများ အောင်မြင်စွာစိုက်ပျိုးနိုင်ရေး ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ မြောင်းများပြုပြင်ပေးခြင်း၊ ရေပေးပြွန်များနှင့် ရေကျအဆောက်အအုံများ၊ ရေတံခါးများအား ပြန်လည်ပြုပြင်ပေးခြင်းများ ဆောင်ရွက်ပေးလျက်ရှိရာ ၂၀၂၂-၂၀၂၃  ဘဏ္ဍာနှစ်တွင် ထုံးကြီးဆည် ရေသောက်စနစ်ဖြင့် စိုက်ပျိုး ရေများပေးနေသည့် ထုံးကြီးမြောင်းမှ ပျက်စီးနေသည့် ရေပြွန် (၉) လုံးအား မြို့နယ်ဆည်မြောင်းနှင့် ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနမှ ပြန်လည်ပြုပြင်ပေးသဖြင့် ကျောက်ဆည်မြို့နယ်တွင် သီးနှံမျိုးစုံ (၃၄၈) ဧက အောင်မြင်စွာ စိုက်ပျိုးနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။


အဆိုပါ ရေပေးပြွန်များမှာ လေးဆယ်ကုန်းကျေးရွာအနီး မြောင်းအမှတ် -ဝ+၇၈၈ မှ ၅+၀၉၀ အတွင်းရှိ ရေပြွန်များဖြစ်ပြီး ပျက်စီးနေသည့် (၂၀)ပေအရှည်၊ (၆) လက်မအကျယ် ရေပြွန် (၈) လုံးနှင့် (၂၀) ပေအရှည် (၉) လက်မအကျယ် ရေပြွန်(၁)လုံးတို့အား သံကူကွန်ကရစ်ပြွန်များဖြင့် ပြန်လည်အစားထိုး ပြုပြင်ပေးခဲ့ပြီး၊  ရေပြွန်များရေရှည်ခိုင်မာရေး ရေပြွန်ထိပ်နဖူးစည်းများတွင် ကျောက်သားနံရံစီခြင်း၊ ရေပေးဝေရာတွင် လိုအပ်သလိုထိန်းညှိပေးနိုင်ရေး ထိန်းချုပ်ရေတံခါးတပ်ဆင်ခြင်းများ ဆောင်ရွက်ပေး ခဲ့ကြောင်း သိရသည်။


ကျောက်ဆည်မြို့နယ်တွင် အဆိုပါရေပြွန်များ အစားထိုးပြုပြင်ပေးခြင်းကြောင့် ထုံးကြီးမြောင်းမှ သီးနှံမျိုးစုံ (၂၃၄၈) ဧကအတွက် စိုက်ပျိုးရေများပေးဝေရာတွင် ရာသီမရွေးရေအလေအလွင့်ဆုံးရှုံးမှု နည်းပါးစွာဖြင့်  စိုက်ပျိုးသီးနှံများအောင်မြင်သည်အထိ လိုအပ်သည့်ရေပမာဏပြည်ဝစွာ မြောင်းအဆုံး မြောင်းအဖျားရှိ စိုက်ခင်းများအထိ ရေများပေးဝေနိုင်ပြီဖြစ်ကြောင်း သိရှိရသည်။


သတင်း - သက်မောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)