Pages

Pages

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင် ညောင်တုန်းမြို့ ဒေသဖွံ့ဖြိုးရေး လုပ်ငန်းများအား ကြည့်ရှုစစ်ဆေး


MNP  -   ဒီဇင်ဘာ ၂၀

နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ယမန်နေ့နံနက်ပိုင်းက ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ ညောင်တုန်းမြို့နယ်သို့ ရောက်ရှိလာပြီး ညောင်တုန်းမြို့ အတုလမာရဇိန် ကြေးသွန်းဘုရားကြီးအား ဖူးမျှော်ပူဇော်၍  ဗိုလ်ချုပ်လမ်းရှိ  ပုဏ္ဏမာရာမဈေးကျောင်းတိုက်၏ ဦးစီးပဓာနနာယက အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇအဂ္ဂမဟာသဒ္ဓမ္မဇောတိက၊ အဘိဓဇမဟာရဌဂုရု၊ နိုင်ငံတော် သံဃမဟာနာယက အဖွဲ့အကျိုးတော်ဆောင်ချုပ်(ငြိမ်း) ဘဒ္ဒန္တဩသဓာဘိဝံသအား ဖူးမြော်ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့‌သည်။

ထို့နောက် နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအဖွဲ့ဝင် မန်းငြိမ်းမောင်သည် ညောင်တုန်းမြို့၊ အမှတ်(၁)ရပ်ကွက်ရှိ တံတားတည်ဆောက်ရေး ရှင်းလင်းဆောင်သို့ရောက်ရှိရာ တံတားဦးစီးဌာန၊ တံတားတည်ဆောက်ရေးအထူးအဖွဲ့(၁) ညွှန်ကြားရေးမှူး ဦးကျော်ဇင်ထွေးမှ ပန်းလှိုင်မြစ်ကူးတံတာ ဆောက်လုပ်ရန်လျာထားမှု အခြေအနေများကို ရှင်းလင်းတင်ပြရာ နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီ အဖွဲ့ဝင်က လိုအပ်သည်များကို လမ်းညွှန်မှာကြားခဲ့ပြီး ဆင်ထုံးကျေးရွာအုပ်စု၊ ကြိမ်ပင်ဆယ်ကျေးရွာရှိ ရွှေဟင်္သာ‌ရွှေကျင် ကျောင်းတိုက်ခွဲသို့ ရောက်ရှိပြီး ကျောင်းတိုက်ဆရာတော် ဥူးပညာဇောတအား ဖူး‌မျှော် ကြည်ညို၍ လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့‌‌ကြောင်း သိရသည်။

 https://t.me/MyanmarNationalPost

No comments:

Post a Comment