ဂန့်ဂေါမြို့နယ်အတွင်းမှ ဖမ်းဆီးရမိထားသည့် အကြမ်းဖက်သမားများ ပြန်လွတ်သွားသဖြင့် လုံးဝကန့်ကွက်ကြောင်း ဦးလှဆွေပြောပြီ - Myanmar National Post

Myanmar National Post

News Agency

Breaking

ဂန့်ဂေါမြို့နယ်အတွင်းမှ ဖမ်းဆီးရမိထားသည့် အကြမ်းဖက်သမားများ ပြန်လွတ်သွားသဖြင့် လုံးဝကန့်ကွက်ကြောင်း ဦးလှဆွေပြောပြီ



MNP ၊ ဒီဇင်ဘာ ၂၂

ဂန့်ဂေါမြို့နယ်အတွင်းမှ NLD အမာခံ အကြမ်းဖက်ဦးဆောင်သူနှစ်ဦး လွတ်မြောက်သွားသည့်အပေါ် ဦးလှဆွေက လုံးဝကန့်ကွက်ကြောင်း ပြင်းပြင်းထန်ထန် ပြောဆိုထားသည်။


NLD အမာခံ ဂန့်ဂေါမြို့မှ တင်သောင်း ၊ အကြမ်းဖက်အားပေးပုဒ်မများဖြင့် နှစ်ကြိမ်တိုင်အဖမ်းခံရ နှစ်ကြိမ်လုံးလွတ်ပြန်ပါပြီ ၊ ဒီဇင်ဘာ ၂၁ ရက်စွဲဖြင့် ပြည်ထဲရေးမှ ဖြေလျှော့ပေးကြောင်း၊ ၎င်း တင်သောင်းသည် NLD အကြမ်းဖက်သမား အစစ်ဖြစ်ကြောင်း စထဟ တစ်ဦးအား သတ်ဖြတ်ရာတွင် ၎င်းပါဝင်ပါတ်သက်ကြောင်း တမြို့လုံးသိသော်လည်း ပြည်ထဲရေးဝန်ကြီးဌာန မသိသည်မှာအံသြမိပါကြောင်းနှင့် ၎င်း လွတ်မြောက်က ဘယ်ကိုသွားမည်ဆိုတာသာ စောင့်ကြည့်လိုက်ကြပါ ၊ ဂန့်ဂေါနယ်ခံတစ်ယောက်အနေဖြင့် ၎င်းသည် ပြည်ထဲရေးကို လိုက်နေပြီး ငွေဘယ်လောက်ကုန်ပြီ မကြာမှီလွတ်တော့မည်ဟု ကြားသိရပါသော်လည်း မိမိမှာမယုံကြည်ခဲ့ပါ ၊ ယခုအမှန်လွတ်သွားပါ၍ ၎င်း တင်သောင်းဆိုသူကို ပြည်ထဲရေးမှလွှတ်ပစ်ခြင်းအား လုံးဝ ကန့်ကွက်ကြောင်း နှင့် ၎င်းအားမည်သည့်အကြောင်းပြချက်ဖြင့် မည်သူကဖြေလျှော့ပေးသည်ကို ဖြေကြားပေးပါရန် ဦးလှဆွေက မေးမြန်းထားသည်။


ထို့အတူ PDF အကြမ်းဖက်သမားက လူသတ်ပြီးရရှိသောရွှေကို ဝယ်ယူသူ ရွှေဆိုင်ပိုင်ရှင် ခင်မောင်စိုးလည်း တင်သောင်းနဲ့အတူလွတ်သွားပါသဖြင့် လုံးဝကန့်ကွက်ပါကြောင်း ဦးလှဆွေက ပြောဆိုထားသည်။


နိုင်ငံတော်စီမံအုပ်ချုပ်ရေးကောင်စီအစိုးရ တာဝန်ယူနေစဉ်ကာလအတွင်း NLD ဦးဆောင်သူများက CRPH, NUG, PDF အကြမ်းဖက်အဖွဲ့အစည်းမျိုးစုံကို ဖွဲ့စည်းကာ အပြစ်မဲ့ ရဟန်းရှင်လူပြည်သူများကို ယုတ်မာရိုင်းစိုင်းစွာ လုပ်ကြံသတ်ဖြတ် ပစ္စည်းရယူ ဓားပြတိုက်သည့် အကြမ်းဖက်လုပ်ရပ်များကျူးလွန်နေပြီး တာဝန်ရှိသူများက အကြမ်းဖက်သမားများကို ဥပဒေနှင့်အညီ အရေးယူဆောင်ရွက်ခြင်း မရှိဘဲ ငွေကြေးရယူပြီး ပြန်လွှတ်ပေးခဲ့သည့် ဖြစ်စဉ်များ၊ အကြမ်းဖက်လှုပ်ရှားမှုတွင် မပါဝင်သော တပ်မတော်သားဟောင်းတချို့ကို ပုဂ္ဂိုလ်ရေးအမြင်မကြည်လင်မှုအပေါ်မူတည်၍ ဖမ်းဆီးရိုက်နှက်မှုများ၊ အကြမ်းဖက်လှုပ်ရှားသူများထံ အတွင်းသတင်းပေးပို့မှုဖြစ်စဉ်များ ဖြစ်ပေါ်ခဲ့သည်။


https://t.me/MyanmarNationalPost


မြန်မာနေရှင်နယ်ပို့စ် သို့ သတင်း၊ ဆောင်းပါး၊ ပေးစာများ  ပေးပို့လိုပါက Viber - Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)