Pages

Pages

အမ်းမြို့နယ် တွင်(၇၅)နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အသိပညာပေး နံရံ ကပ်စာစောင်ပြပွဲကျင်းပ



MNP -   ဒီဇင်ဘာ   ၂၂

   ရခိုင်ပြည်နယ်၊ အမ်းမြို့နယ်ပြန်ကြားရေးနှင့်ပြည်သူဆက် ဆံရေးဦးစီးဌာန  လူထုအခြေပြုဗဟိုဌာန

(Community Centre) ခန်းမတွင် ၂၀၂၃ ခုနှစ် ဇန်န ဝါရီလ(၄)ရက်နေ့ တွင်ကျရောက်မည့် (၇၅)နှစ် မြောက်စိန်ရတု လွတ်လပ် ရေးနေ့ အားကြိုဆိုဂုဏ်ပြုသောအားဖြင့်အထိမ်းအမှတ်​ေန ့အဖြစ်အသိ ပညာပေး  နံရံကပ်စာ စောင်ပြပွဲကို ယမန်နေ့ နေ့လည် ၃ နာရီ အချိန်တွင် စာ ပေမြတ်နိုးသူ  Book Club အသင်း ဝင် များ နင့် ကျင်းပပြုလုပ်ခဲ့သည်။


    အဆိုပါ (၇၅)နှစ်မြောက်စိန်ရတုလွတ်လပ် ရေးနေ့ အထိမ်းအမှတ် (အကြို) အသိပညာပေး နံရံ

ကပ်စောင်ဓာတ်ပုံပြပွဲတွင် လူငယ်လေးများအသိ ပညာဗဟုသု တများရရှိစေမည့်မှတ်တမ်းဓာတ်ပုံ

များ လွတ်လပ်ရေးဗိသုကာအမျိုး သားခေါင်း ဆောင်ကြီးဗိုလ်ချုပ်အောင်ဆန်း၏ လှုပ် ရှားမှု ပုံရိတ်များ လွတ်လပ်ရေးနေ့အထိမ်း အမှတ်ကဗျာများ  လွတ်လပ်ရေးနေ့ ဖြစ်ပေါ် လာပုံသမိုင်းအ ကြောင်း အရာများပါဝင်သောနံရံကပ်စာစောင်အား အများပြည်သူများ ဖတ်ရှု့လေ့ လာနိုင်ရေးအတွက် ပြသဆောင်ရွက်ထားရှိခဲ့ရာ စာပေမြတ်နိုးသူလူငယ် များက စိတ်ပါဝင် စားစွာဖတ်ရှု့လေ့လာခဲ့ကြ၍ မြို့နယ်ဦးစီးအရာရှိ ကသိရှိလိုသည်များအားရှင်းလင်းပြောကြားခဲ့ သည်။ဆက်လက်ပြီးစာပေမြတ်သူလူငယ်များ​ပြည်သူ့စာကြည့်တိုက်ရှိ သုတ ရသစာအုပ်စာစောင်များအား လေ့လာဖတ်ရှု ငှားရမ်းခဲ့ကြကြောင်း သိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment