MNP ၊ ဒီဇင်ဘာ ၁
ရခိုင်ပြည်နယ်၊ ရသေ့တောင်မြို့၌ ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင်ပြည်နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် ယနေ့ နံနက် ၉:၃၀အချိန် က အမှတ်(၁) အခြေခံ ပညာ အထက် တန်း ကျောင်းတွင်စာစီစာကုံး နှင့် ပန်းချီ ပြိုင်ပွဲများ ကျင်းပပြုလုပ်ခဲ့သည်။
ထိုသို့ ဆောင်ရွက်ရာတွင် ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈)နှစ်မြောက် ရခိုင် ပြည် နယ်နေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် အထက်တန်း နှင့် အလယ်တန်းအဆင့် စာစီစာကုံးနှင့် ပန်းချီပြိုင်ပွဲကို ကျင်းပပြု လုပ်ရာ အထက် တန်း အဆင့် စာစီစာကုံးပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၁၇ဦး က “ရခိုင်ပြည်နယ် သာယာဖို့ ဒို့တွေ အားလုံး ကြိုး ပမ်းစို့ ” ခေါင်းစဉ်ဖြင့် လည်းကောင်း ၊ အထက်တန်း အဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်း သား၊ကျောင်းသူ ၉ ဦး က “သာစွဌာ နေ ရခိုင်ပြည်နယ်” ခေါင်းစဉ်ဖြင့် လည်းကောင်း ပါဝင်ယှဉ်ပြိုင်ကြပြီး အလယ်တန်းအဆင့် စာစီ စာ ကုံး ပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၅ ဦး က “ရခိုင်ပြည်နယ် တိုးတက်ရေး နှင့် လူငယ် တာဝန်” ခေါင်းစဉ်ဖြင့် လည်း ကောင်း၊ အလယ်တန်းအဆင့် ပန်းချီပြိုင်ပွဲတွင် ကျောင်းသား၊ကျောင်းသူ ၅ ဦး က “ပညာရေးဖြင့် ခေတ်မှီတိုး တက် နေသော ရခိုင်ပြည်နယ်ကြီးကို တည်ဆောက်စို့” ခေါင်းစဉ်ဖြင့် ပါဝင်ယှဉ်ပြိုင်ခဲ့ကြသည်။ အဆိုပါ ပြိုင်ပွဲများတွင် ဆုရရှိ သည့် ကျောင်း သား၊ကျောင်းသူများကို ၂၀၂၂ ခုနှစ် ၊ ဒီဇင်ဘာ ၁၅ ရက်နေ့တွင် ကျရောက်မည့် (၄၈) နှစ်မြောက် ရခိုင် ပြည် နယ်နေ့ အထိမ်းအမှတ်အခမ်းအနားတွင် ဆု များ အသီးသီးချီးမြှင့်ပေးမည်ဖြစ်ကြောင်း သိရသည်။
ထွန်းလင်းကျော်
https://t.me/MyanmarNationalPost


No comments:
Post a Comment