Pages

Pages

မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ခရစ္စမတ်ပွဲတော် တိုင်းရင်းသားပေါင်းစုံ ပါဝင်ဆင်နွှဲ



MNP  -  ဒီဇင်ဘာ ၂၄

ခရစ္စမတ်ပွဲတော်ဝတ်ပြု ကိုးကွယ်မှု၊ ဆုတောင်းမှုများကို နှစ်စဉ် ဒီဇင်ဘာလကျင်းပလေ့ရှိရာ ယနေ့ဒီဇင်ဘာ ၂၄ ရက် ညပိုင်း၌ ခရစ်ယာန်ဘုရားရှိခိုးကျောင်းများတွင် ခရစ္စမတ်အကြိုရောင်စုံမီးများ ထွန်းညှိထားရှိမှုကို တွေ့မြင်ရမည်ဖြစ်သည်။


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ခရစ္စမတ်ပွဲတော်ကိုလည်း ယနေ့ညပိုင်းက နေပြည်တော် တပ်ကုန်းရှိ မြန်မာ့အသံနှင့်ရုပ်မြင်သံကြား ပန်းခြံအတွင်း၌ကျင်းပရာ တိုင်းရင်းသားရုပ်သံ လိုင်းများမှ ခရစ်ယာန်ဘာသာဝင် တိုင်းရင်းသားများအပြင် ဌာနရှိဝန်ထမ်းများ စုပေါင်းပါဝင်ကာ ပျော်ရွှင်စွာဆင်နွှဲကြသည်။


မြန်မာ့အသံနှင့်ရုပ်မြင်သံကြား၏ ခရစ္စမတ်ပွဲတော်ကို ဝတ်ပြုကိုးကွယ်ခြင်း၊ ဆုတောင်းကောင်းချီးပေးခြင်းတို့ဖြင့် စတင်ဖွင့်လှစ်ပြီး ညွှန်ကြားရေးမှူးချုပ် ဦးရဲနိုင်က ခရစ္စမတ်ဆုတောင်းစကားပြောကြားသည်။


ထို့နောက် ဖျော်ဖြေရေးအစီအစဉ်များ၊ ဗလာမပါကံစမ်းမဲဖောက်ခြင်း၊ ဧည့်ခံကျွေးမွေးခြင်းနှင့် အမှတ်တရလက်ဆောင်ပေးခြင်းတို့ဖြင့် စီစဉ်ကျင်းပခဲ့သည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment