Pages

Pages

ဘီးလင်းမြို့နယ်တွင် စာဖတ်ရှိန်မြှင့်တင်ရေး နယ်လှည့်စာကြည့်တိုက်၊ ဟောပြောပွဲနှင့်နံရံကပ်စာစောင်များ ခင်းကျင်းပြသ




MNP ၊ ဒီဇင်ဘာ ၆

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်၊ ပြန်ကြားရေးနှင့်  ပြည်သူ့ဆက်ဆံရေးဦးစီး ဌာနနှင့် ပညာရေးဌာန တို့ပူးပေါင်း၍ စာဖတ်ရှိန်မြှင့်တင်‌ရေး နယ်လှည့် စာကြည့်တိုက် ၊ဟောပြောပွဲ နှင့် နံရံကပ်စာစောင်များခင်ကျင်းပြသခြင်းကို ယနေ့နံနက် ၉ နာရီခွဲက ဘီးလင်းမြို့နယ် နှင်းပုလဲကျေးရွာအုပ်စု ရေဖြူကန် ကျေးရွာ  အခြေခံပညာ မူလတန်း ကျောင်း၌ ကျင်းပပြု လုပ်ခဲ့သည်။

ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်အေးမျိုးမျိုးစံက ကျောင်းသား၊ကျောင်းသူများအား  မူးယစ်ဆေးဝါး၏ ဆိုးကျိုးအန္တရာယ်များ    အသိဉာဏ်ကြွယ်ဝစေဖို့ကျောင်းစာအပြင် အားလပ်ချိန်များတွင် ပြင်ပဗဟုသုတ စာအုပ်များဖတ်ခြင်းဖြင့်ရရှိလာမည့် အကျိုး ကျေးဇူးများ ကို အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် ကျောင်းသား ၊ကျောင်းသူများအား ၎င်းတို့စိတ်ကြိုက် ရွေးချယ် ဖတ်ရှူ့ထားသည့် စာအုပ်များဖြင့်ပုံပြော ပြိုင်ပွဲကိုကျင်းပပေးခဲ့ပြီး ပြိုင်ပွဲဝင်  ကျောင်းသား၊ကျောင်းသူများအား အမှတ်တရ လက်ဆောင် ပစ္စည်းများ ပေးအပ်ခဲ့ကြသည်။ ဆက်လက်၍  လူကုန်ကူးမှု ကာကွယ်တားဆီးရေး ၊မူးယစ်‌ဆေးဝါးအလွဲသုံးမှုနှင့်တရားမဝင်‌ ရောင်းဝယ်မှုတိုက်ဖျက်ရေး စိတ်ကြွ ရူးသွပ်ဆေးများ၏အန္တရာယ်နှင့် ပြစ်မှုပြစ်ဒဏ်များ၊ ကွမ်းစားသုံးခြင်း နှင့် စည်းကမ်းမဲ့ ကွမ်းတံထွေး ထွေးမှုများ ကျဆင်းပပျောက်ရေး အသိပညာ ပေး နံရံကပ်စာစောင်များ ကို ပြသခဲ့ရာ ကျောင်းသားကျောင်းသူများက စိတ်ပါ ဝင်စားစွာ ကြည့်ရှု လေ့လာခဲ့ကြကြောင်း သိရသည်။


ထူးနောင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment