Pages

Pages

အမ်းမြို့၌(၄၈)နှစ် မြောက်ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာဖတ်ပွဲနှင့် ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုချီးမြှင့်ခြင်း အခမ်းအနားကျင်းပ






အမ်း- ဒီဇင်ဘာ ၁၅

ရခိုင်ပြည်နယ်၊ အမ်းခရိုင်၊ အမ်းမြို့နယ်၌ (၄၈)နှစ်မြောက်ရခိုင် ပြည်နယ်နေ့ သဝဏ် လွှာဖတ်ပွဲအခမ်းအ နားနှင့်  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ယနေ့ နံနက် ၈ နာရီအချိန် မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါ  အခမ်းအနားတွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်အစိုးရ၊ နိုင်ငံ တော်စီမံအုပ်ချုပ်ရေးကောင်စီ ဥက္ကဌ နိုင်ငံတော်ဝန်ကြီးချုပ်   ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ထံမှ  ပေးပို့သော (၄၈)နှစ် မြောက်ရခိုင်ပြည်နယ်နေ့ သဝဏ်လွှာအား အား ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက်က ဖတ်ကြားခဲ့သည်။ ဆက်လက်၍ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ ဝန်ထမ်းများက ရခိုင်အဆိုတော် ကိုကိုနိုင် (ဗျာလ)သီဆိုထားသည့် လေးဝတီတေးသီ ချင်းဖြင့် ကပြဖျော်ခဲ့ကြသည်။

ယင်းနောက် (၄၈)နှစ် မြောက် ရခိုင်ပြည် နယ်နေ့အထိမ်းအမှတ်  ပိုက်ကျော်ခြင်းပြိုင်ပွဲ ဆုပေးပွဲအခမ်းအနားကို ကျင်းပပြုလုပ်ရာ ပထမဆု၊ ဒုတိယဆုရရှိသော အသင်းများအား ခရိုင်စီမံအုပ် ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးအောင်ဇော်ထက် 

နှင့် ခရိုင်ရဲတပ်ဖွဲ့မှူးဒုတိယရဲမှူးကြီး စိုးမြင့်တို့က ဆုများအသီးသီးပေးအပ်ချီးမြှင့်ခဲ့ကြကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment