Pages

Pages

ထားဝယ်မြို့တွင် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး(မွမ်းမံ)သင်တန်းအမှတ်စဉ်(၁/၂၀၂၂) ဆင်းပွဲအခမ်းအနား ကျင်းပ





MNP  -  ဒီဇင်ဘာ   ၃၀

အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး(မွမ်းမံ)သင်တန်း အမှတ်စဉ်(၁/၂၀၂၂)ဆင်းပွဲအခမ်းအနားကို ယနေ့နံနက် ၉နာရီက တနင်္သာရီ တိုင်းဒေသကြီး၊ ထားဝယ်မြို့နယ်မီးသတ်ဦးစီးဌာနရုံး၌ ကျင်းပခဲ့သည်။


အခမ်းအနားတွင် ထားဝယ်မြို့နယ် အုပ်ချုပ်ရေးမှူးဦးတင်ထက်နောင်က မီးသတ်တပ်ဖွဲ့ဝင်များ၏ရည်မှန်းချက်ဖြစ်သော မီးဘေးလုံခြုံ ရေး၊ သဘာဝဘေးအန္တရာယ်တားဆီးကာကွယ်ရေး၊ ရှာဖွေကယ်ဆယ်ရေးလုပ်ငန်းနှင့် ပြည်သူ့အကျိုးပြုဆောင်ရွက်ရေးဖြစ်ကြောင်း၊ မီးသတ်တပ်ဖွဲ့ဝင်များသည် မီးငြှိမ်းသတ်ရေးအပြင် အသက်ကယ်ဆယ်လုပ်ငန်းများကိုပါ သက်စွန့်ဆံဖျားဆောင်ရွက်ရသည့် အတွက် မွန်မြတ်မြင့်မားသော လူမှုဝန်ထမ်းလုပ်ငန်းတစ်ရပ်ဖြစ်ကြောင်း၊  နိုင်ငံတော်ကတည် ဆောက်ပေးလျက်ရှိသော ဖွံ့ဖြိုးရေးအခြေခံကောင်းများကို မီးဘေးအန္တရာယ်ကြောင့် ပျက်စီးဆုံးရှုံး မှုမရှိအောင် မီးသတိမူရေး၊ မီးလေးကြိုတင်ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင် ရွက်သွားကြရန် လိုအပ်ကြောင်း၊ သင်တန်းက သင်ကြားပေးလိုက်သော သင်ခန်းစာများကိုလည်း မမေ့မလျော့အောင် ဆက်လက်လေ့ ကျင့်သွားကြရန်လိုအပ်ကြောင်းပြောကြားသည်။


ထိုနောက် မြို့နယ်အုပ်ချုပ်ရေးမှူးဦးတင်ထက်နောင်နှင့်တာဝန်ရှိသူများက   သင်တန်းသားများအား သင်တန်းဆင်း လက်မှတ်ပေးအပ်ပြီး တတ်ရောက်လာသူများအား ရင်းရင်းနှီးနှီးလိုက်လံနှုတ်ဆက် ခဲ့ကြောင်း သိရသည်။


ငွေဇင်ယော်

https://t.me/MyanmarNationalPost

No comments:

Post a Comment