Pages

Pages

အမ်းမြို့နယ်၌ ယာဉ် စည်းကမ်း၊လမ်းစည်း ကမ်းနှင့်အညီလိုက်နာ မောင်းနှင်သွားလာနိုင်စေရေး အသိပညာပေးဟောပြောပွဲကျင်းပ



MNP   -   ဒီဇင်ဘာ ၂၀   


    ရခိုင်ပြည်နယ်၊  အမ်းခရိုင်၊ အမ်းမြို့နယ်၌ ယာဉ်စည်းကမ်း လမ်း စည်းကမ်းနှင့်အညီ လိုက်နာမောင်းနှင်သွားလာနိုင်စေရေး၊  ယာဉ်မတော် တဆမှုများလျော့ နည်းစေရေး အသိပညာပေးဟောပြောပွဲကိုအောက်ရွာကျေးရွာ  အခြေခံပညာအလယ် တန်းကျောင်းတွင် ယမာန်နေ့ နေ့လယ်က ကျင်းပပြုလုပ်ခဲ့ သည်။

              ဟောပြောပွဲတွင် အမှတ်(၂၁)ယာဉ်ထိန်းရဲတပ်ဖွဲ့စု၊ အမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ တပ်ဖွဲ့စိတ်မှူး

ဒုရဲအုပ် သန့်ဇင်ဦး က  ကျောင်းသားကျောင်း သူများအား ယာဉ်စည်းကမ်း လမ်းစည်း ကမ်းနှင့်အညီလိုက်နာ မောင်းနှင်သွားလာနိုင်စေရေး၊ ယာဉ်မတော် တဆမှုများလျော့ နည်းစေရေးရည်ရွယ်၍ မော်တော်ကားနှင့် မော်တော်ဆိုင်ကယ်များကို စီးနှင်းသူများလိုက်နာရန်စည်းကမ်းများ၊  မော်တော်ဆိုင် ကယ်စီးလျှင် သတ် မှတ်ထားသော စံချိန်စံညွန်း ကိုက်ညီ 

သည့်ဆိုင်ကယ် စီးဦးထုတ် ဆောင်း၍ မေးသိုင်း ကြိုးသေချာစွာတပ်ရမည်၊ မီးကောင်းမွန်ရမည်၊ မူးယစ်သောက် စားပြီးမစီးရ၊ နောက်ကြည့်မှန်၊ကောင်းမွန် သောဘရိတ်နှင့်ကောင်းမွန်သောတာယာများပါရှိရန်၊ ယာဉ်ကြောပိတ်ဆို့မှု့အချက်ပြစနစ်များကိုလိုက်နာရန်၊ ခြေလျင် သွားလာသည့် ပြည်သူများ၊ ကျောင်းသားကျောင်းသူများ အနေဖြင့် လမ်းဖြတ်ကူးသူ များ လိုက်နာရမည့် ယာဉ်စည်း ကမ်းလမ်းစည်းကမ်း ယာဉ်အန္တ ရာယ် ကင်းဝေးစေရေး အသိပညာပေးဟောပြောခဲ့သည်။

       ဆက်လက်၍ အမ်း ယာဉ်ထိန်းရဲတပ်ဖွဲ့စိတ်မှ ရဲတပ်ဖွဲ့ဝင်တစ်ဦးက ယာဉ်ကြောပိတ်ဆို့မှု့အချက်ပြစနစ်များကိုလက်တွေ့ပြသခဲ့ပြီး ဟောပြော ပွဲသို့ တက်ရောက်သည့်  ကျောင်းသား/ကျောင်းသူများအား ယာဉ်အန္တရာယ်ကင်းဝေးရေး အသိပညာပေး လက်ကမ်းစာ စောင်များ ဖြန့်ဝေပေးခဲ့ကြောင်းသိရသည်။


စိုးမင်းထွန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment