Pages

Pages

ကသာခရိုင်တွင် ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲ ကျင်းပပြုလုပ်

 


MNP - ဒီဇင်ဘာ  ၁၇


စစ်ကိုင်းတိုင်းဒေသကြီး၊ ကသာခရိုင်၊ ကသာမြို့တွင် ခရိုင်အားကစားနှင့်ကာယပညာကော်မတီမှ ကြီးမှူးကျင်းပသော ဖူဆယ်ဘောလုံး အားကစားပြိုင်ပွဲများကို ယမန်နေ့မွန်းလွဲ (၂)နာရီ အချိန်က မြဆည်းဆာကွင်း၌ ကျင်းပပြုလုပ်ခဲ့သည်။


ဆက်လက်၍ ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာနမှ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းက ဒီဇင်ဘာလူထုအားကစားလှုပ်ရှားမှု အထိမ်းအမှတ် ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် ပါဝင်ယှဉ်ပြိုင်ကြမည့် ပြိုင်ပွဲဝင်အားကစားသမားများအနေဖြင့် အားကစားစိတ်ဓာတ်ဖြင့် ကောင်းမွန်စွာ ယှဉ်ပြိုင်ကြရန်၊ မှာကြားခဲ့သည်။


အဆိုပါ ဖူဆယ်ဘောလုံးပြိုင်ပွဲတွင် မြို့ပေါ်ရပ်ကွက်များမှ အားကစားအသင်း(၈)သင်းတို့က အုပ်စုပတ်လည် ယှဉ်ပြိုင်သွားမည်ဖြစ်ပြီး အဖွင့်ပြိုင်ပွဲတွင် Purified အားကစားအသင်းနှင့် ရပ်ကွက် (၅)အားကစားအသင်း ယှဉ်ပြိုင်ခဲ့ရာ Purified အားကစားအသင်းမှ (၁၀)ဂိုး(၅)ဂိုးဖြင့် လည်းကောင်း၊ ရပ်ကွက်(၈)အားကစားအသင်းနှင့် Danger အားကစားအသင်းတို့ ယှဉ်ပြိုင်ကြရာ ရပ်ကွက်(၈) အားကစားအသင်းက (၈)ဂိုး(၄) ဂိုးဖြင့်လည်းကောင်း အနိုင်ရရှိခဲ့ကြသည်။ ဒီဇင်ဘာလ ၂၃ ရက်နေ့တွင်လည်း ဆက်လက်၍ ဆုချီးမြှင့်ပွဲနှင့် ဗိုလ်လုပွဲကို ယှဉ်ပြိုင်သွားမည်ဖြစ်ကြောင်း ခရိုင်အားကစားနှင့်ကာယပညာဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဒေါ်ခင်လပြည့်ဝန်းထံမှ သိရသည်။   


သတင်း - ကျော်စွာ


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment