Pages

Pages

ပေါက်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးဌာနဆိုင်ရာ ရုံးများသို့ ကွင်းဆင်းစစ်ဆေး





MNP -  ဒီဇင်ဘာ   ၁၉

ရခိုင်ပြည်နယ်၊ စစ်တွေခရိုင်၊ ပေါက်တောမြို့၌ မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်နိုင်ရေးအတွက် ဌာနဆိုရာရုံးများသို့ ကွင်းဆင်းစစ်ဆေးခြင်းကို  မြို့နယ်မီးသတ်ဦးစီးဌာနမှ  ယနေ့ နံနက် ၁၀ နာရီ အချိန်က ဆောင်ရွက်ခဲ့ကြသည်။ 

ထို့သို့ ဆောင်ရွက်ရာတွင် မြို့နယ်မီးသတ်ဦးစီးဌာနမှ မြို့နယ်ဦးစီးအရာရှိ ဦးမျိုးမင်းထွန်း ဦးဆောင်သော မီးသတ်တပ်ဖွဲ့ဝင်များ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံးနှင့် လဝကရုံးများသို့  သွားရောက်ကာ မီးဘေးလုံခြုံမှုရှိစေရေးအတွက် မီးသတိမှုရေး၊ မီးဘေးကြိုတင်ကာကွယ်ရေး စီမံချက်များ ရေးဆွဲထားရှိရေး ၊ လျှပ်စစ်ဝါယာကြိုးများ သွယ်တန်းရာတွင် စနစ်တကျ ရှိ/မရှိ ၊ မီးပလပ်/ ခလုတ် အား  ဟောင်းနွမ်းပျက်စီးနေပါက အသစ်လဲလှယ်တပ်ဆင်ရေး၊ မီးသတ်ပစ္စည်းကိရိယာများဖြစ်သော မီးသတ် ဆေးဘူး ၊ မီးသတ်ရေပုံးများ၊ မီးချိတ်၊ မီးကပ်များ၊ သဲအိတ်များ ၊ရေပုံးများ၊ ရေကန်များ၌ ရေများ ဖြည့်တင်းကာ အသင့်ထားရှိရန် လိုအပ်ကြောင်းနှင့်  မီးဘေးလုံခြုံရေးနှင့် အရေးပေါ် လွတ်မြောက်နိုင်ရေးအတွက်အရေးပေါ် ထွက်ပေါက်များထားရှိရေး၊ မီးဘေးအန္တရာယ်ကင်းရှင်းစေရန်အတွက် ဆောင်ရန် ရှောင်ရန်များ၊ မတော်တဆ မီးလောင်မှုဖြစ်ပွားပါက  မီးသတ်ဦးစီးဌာနသို့ ဆက်သွယ်ရမည့် ဖုန်းနံပါတ်များအား ထားရှိစေရေးတို့ကို အကြံပြု လမ်းညွန် မှာကြားခဲ့ကြ ကြောင်းသိရ သည်။  

https://t.me/MyanmarNationalPost

No comments:

Post a Comment