Pages

Pages

မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူရန် အိမ်ထောင်စုပေါင်း (၂၂၀၀၀၀) ကျော်ရှိ





MNP  -   ဒီဇင်ဘာ  ၂၄

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်အတွင်းရှိ မြို့နယ်(၅)ခုတွင် အိမ်ထောင်စုလူဦးရေစာရင်းများကို မြေပြင်ကွင်းဆင်းကောက်ယူသွားရန် အိမ်ထောင်စုပေါင်း (၂၂၀၀၀၀) ကျော် ရှိကြောင်း မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာနမှ သိရသည်။


အိမ်ထောင်စုလူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှစတင်ကာ ၃၁ ရက်နေ့အထိ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်၍ ကောက်ယူသွားမည်ဖြစ်ကြောင်း သိရသည်။

လူဦးရေစာရင်း မြေပြင်ကွင်းဆင်းကောက်ယူသွားမည့် အခြေအနေနှင့်ပတ်သက်၍ မင်းဘူးခရိုင် လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန ခရိုင်ဦးစီးမှူး ဦးစောနိုင်ဦးက “ရွေးကောက်ပွဲ ကျင်းပရာမှာ အထောက်အကူပြုစုစေဖို့၊ အခြေခံမဲစာရင်းများ မှန်ကန်စေဖို့နဲ့ မြေပြင်လူဦးရေစာရင်း မှန်ကန်စေဖို့အတွက် ကြိုတင်ပြင်ဆောင်ရွက်တဲ့အနေနဲ့ မြို့နယ်အလိုက် ကွင်းဆင်းကောက်ယူရေး ကော်မတီဖွဲ့စည်းပြီး ဆောင်ရွက်သွားမှာပါ။ ကွင်းဆင်းကောက်ယူတဲ့ အခါမှာလည်း စာရင်းဇယာ၊ ကိန်းဂဏန်း၊ အချက်အလက်တွေ တိကျမှန်ကန်စွာနဲ့ စနစ်တကျဖြစ်စေဖို့ မြို့နယ်အလိုက် တာဝန်ရှိသူတွေကို မကွေးတိုင်း ဒေသကြီး၊ (Working Group) မြေပြင်ကွင်းဆင်းစာရင်း ကောက်ယူရေးကြီးကြပ်မှုကော်မတီမှ ကြီးမှူးဖွင့်လှစ်တဲ့ တိုင်းဒေသကြီးအဆင့် နည်းပြသင်တန်းကို ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ပြီး ဖြစ်ပါတယ်။ သင်တန်းတက်ရောက်ပြီးတဲ့ နည်းပြတွေက မြို့နယ်အလိုက် ဆင့်ပွားသင်တန်း တွေကို ဒီဇင်ဘာ ၂၇ ရက်နေ့မှာ တစ်ပြိုင်တည်းဖွင့်လှစ်ပြီးတာနဲ့ အိမ်ထောင်စုလူဦးရေစာရင်းကို ၂၀၂၃ ခုနှစ် ဇန်နဝါရီလ ၉ ရက်မှ ၃၁ ရက်နေ့အထိ တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်ပြီး ကောက်ယူသွားမှာဖြစ်ပါတယ်”ဟု ပြောသည်။


မင်းဘူးခရိုင်အတွင်း၌ မြေပြင်လူဦးရေစာရင်း ကွင်းဆင်းကောက်ယူရာတွင် မင်းဘူး(စကု) မြို့နယ်မှအိမ်ထောင်စုပေါင်း ၅၆၄၁၂ စု၊ ပွင့်ဖြူမြို့နယ်မှ အိမ်ထောင်စုပေါင်း ၆၇၄၇၃ စု၊ စလင်း မြို့နယ်မှ အိမ်ထောင်စုပေါင်း ၆၉၈၄၃ စု၊ စေတုတ္တရာမြို့နယ်မှ အိမ်ထောင်စုပေါင်း ၁၂၇၆၉ စုနှင့် ငဖဲမြို့နယ်မှ အိမ်ထောင်စုပေါင်း ၁၄၃၈၈ စု၊ ခရိုင်ချုပ် အားဖြင့် စုစုပေါင်း အိမ်ထောင်စု ၂၂၀၈၈၅ စုရှိကြောင်း မင်းဘူးခရိုင်လူဝင်မှုကြီးကြပ်ရေးနှင့်ပြည်သူ့အင်အားဝန်ကြီးဌာန မှတ်တမ်းများအရ သိရသည်။


မောင်မောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment