Pages

Pages

မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးသတ်တပ်ဖွဲ့ဝင်များမှ မီးဘေး အန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေး ဟောပြော ခြင်းနှင့် ကွင်းဆင်းစစ်ဆေး





MNP  -   ဒီဇင်ဘာ ၂၀

ရခိုင်ပြည်နယ်၊ မြောက်ဦးခရိုင်၊ မြောက်ဦးမြို့၌ ပွင့်လင်းရာသီသို့ရောက်ရှိလာပြီ ဖြစ်သဖြင့် မီးဘေး အန္တရာယ်ကင်းဝေးနိုင်စေရေးအတွက် တိမ်ညိုကျေးရွာ  တိမ်ညိုတိုက်ပွဲရှောင်စခန်း သို့သွား ရောက်ပြီး  ယမန်နေ့က အသိပညာပေးဟောပြောခြင်း နှင့် တိုက်ပွဲရှောင်စခန်း ရှိနေအိမ်များအား မီးဘေးအန္တာရယ်လုံခြုံရေး ကွင်းဆင်းစစ်ဆေးခဲ့ကြောင်း  သိရသည်။

ထိုသို့ မီးဘေးအန္တရာယ် လုံခြုံရေး အသိပညာပေးဟောပြောရာတွင် မြို့နယ်မီးသတ် ဦးစီးမှူး ဦးလှဝင်း မှ တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများ၏နေအိမ်တွင်  မီးချိတ်၊ မီးကပ်၊ သဲအိတ် ၊မီးသတ် ဆေးဗူးများ    မီးဘေးကာကွယ်ရေးပစ္စည်းများအား အသင့်ထား ရှိစေရေး၊ နေအိမ်များတွင် လောင်စာဆီများသိုလှောင်ခြင်းမပြုရန်၊ အိမ်တွင်တပ်ဆင်ထားသော  ဟောင်းနွမ်းလျှပ်စစ်ဝါ ယာကြိုးများ နှင့် ပျက်စီးနေသောလျှပ်စစ် ပစ္စည်းများအားအသုံးမပြုကြရန်၊ မီးသွေး မီးဖိုဖြင့် ထမင်း၊ ဟင်းချက်ပြုတ်ပြီးပါက မီးကြွင်းမီးကျန်များအား စနစ်တကျမီးငြိမ်းသတ်ကြရန်၊ ဖယောင်းတိုင်မီး၊ အမွှေးတိုင်၊   ခြင်ဆေးခွေများအားငြိမ်းသတ်ထားကြရန်နှင့် မီးလောင်မှုဖြစ်ပွား ပါက မြို့နယ်မီးသတ်ဦးစီးဌာနသို့အကြောင်းကြားရန် ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ တိုက်ပွဲရှောင် စခန်းရှိ နေအိမ်များကို ကွင်းဆင်းစစ်ဆေးရာတွင် မြို့နယ်မီးသတ်တပ်ဖွဲ့ဝင်များနှင့် တိမ်ညိုကျေးရွာ အုပ်ချုပ်ရေးမှူးတို့ ပူးပေါင်း၍  မီးလောင်မှုမဖြစ်ပွားအောင် ၊ မီးလောင်မှုများ ဖြစ်ပွားခဲ့လျှင် မီးငြိမ်းသတ်နိုင်ရေးနှင့် အခြားနေရာများသို့ မီးလောင်မှု မကူးစေရန် စသည့်  အချက်တို့ကို တိုက်ပွဲရှောင်စခန်းရှိ ပြည်သူများအား  သိရှိလိုက်နာစေရန် ကွင်းဆင်းစစ်ဆေးခဲ့ ကြောင်း သိရသည်။ 

မြင့်စိုး ၊ စိုးငြိမ်းနိုင် 

https://t.me/MyanmarNationalPost

No comments:

Post a Comment