Pages

Pages

မိုးကောင်းမြို့၌ မွေးစမှ ၂ နှစ်အောက်ကလေးငယ်များအား လစဉ်ပုံမှန်ကာကွယ်ဆေးထိုးနှံပေး



MNP - ဒီဇင်ဘာ  ၅


ကချင်ပြည်နယ်၊ မိုးညှင်းခရိုင်၊ မိုးကောင်းမြို့၌ မိခင်နှင့်ကလေး ကျန်းမာရေးဌာနက မွေးစမှ အသက် (၂) နှစ်အောက် ကလေးငယ်များအား လစဉ်ပုံမှန် ကာကွယ်ဆေးထိုးနှံပေးခြင်းကို ယမန်နေ့ နံနက် (၉) နာရီတွင် အဆိုပါဌာန၌ ဆေးထိုးဆေးတိုက် ဆောင်ရွက်ပေးကြောင်း သိရသည်။


ဘီစီဂျီ၊ အသည်းရောင်အသားဝါ (ဘီ) ၊ ပိုလီယို၊ ပြင်းထန်အဆုတ်ရောင် (ပီစီဗီ) ၊ ပြင်းထန် ဝမ်းပျက်ဝမ်းလျှော (ရိုတာ) ၊ ဆုံဆို့-ကြက်ညာ-မေးခိုင်- အသည်းရောင်အသားဝါ (ဘီ) -ဦးနောက် အမြှေးရောင် (ငါးမျိုးစပ်ကာကွယ်ဆေး) ၊ ဝက်သက်၊ ဂျိုက်သိုး၊ ဂျပန်ဦးနောက်ရောင် ကာကွယ်ဆေး များကို မွေးစမှ (၂) လ၊ (၄) လ၊ (၆) လ၊ (၉) လနှင့် တစ်နှစ်ခွဲကလေးငယ်များအား အသက်အရွယ် အလိုက် ပထမ၊ ဒုတိယ၊ တတိယနှင့် စတုတ္ထအကြိမ်အဖြစ် ကာကွယ်ဆေးထိုးခြင်း၊ တိုက်ခြင်းများ ဆောင်ရွက်ခြင်းဖြစ်ကြောင်း သိရသည်။


အဆိုပါ ဆေးထိုးနှံတိုက်ကျွေးခြင်းကို ဒီဇင်ဘာ (၄) ရက်မှ (၆) ရက်အတွင်း  နံနက် (၉) နာရီမှ မွန်းတည့် (၁၂) နာရီထိတစ်ကြိမ်၊ နေ့လယ် (၁) နာရီမှ (၃) နာရီထိတစ်ကြိမ် မြို့ပေါ်ရှိ (၁၀) ရပ်ကွက်အား ရပ်ကွက်အလိုက် ထိုးနှံပေးကြောင်း သိရသည်။


သတင်း - သန်းလွင်ဦး 


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment