Pages

Pages

ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ ဒီဇင်ဘာလအားကစားလ (တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲကျင်းပ

 



MNP - ဒီဇင်ဘာ  ၁၇


တစ်မျိုးသား လုံးကျန်းမာကြံ့ခိုင်ရေး၊ ပြည်သူလူထုကျန်းမာကြံ့ခိုင်စေရန်၊ ရောဂါကြိုတင်ကာကွယ်နိုင်ရန်နှင့် အမျိုးသားအားကစားအဆင့် အတန်းတိုးတက်မြင့်မားရေးနှင့် ပြည်သူလူထုပါဝင်သည့် အားကစားလှုပ်ရှားမှုများပိုမိုဆောင်ရွက်လာနိုင်စေရန်ရည်ရွယ်၍ ရှမ်းပြည်နယ် (တောင်ပိုင်း)၊ ပအိုဝ်းကိုယ်ပိုင် အုပ်ချုပ်ခွင့်ရဒေသ၊ ဟိုပုံးမြို့နယ်တွင် ဒီဇင်ဘာလအားကစားလ(တတိယပတ်) စုပေါင်းလမ်းလျှောက်ပွဲ ကို ယနေ့နံနက် ၅နာရီခွဲအချိန်က  သီရိမင်္ဂလာရွှေချမ်းသာမွေတော်ဘုရားကြီး ရှေ့မှစတင်၍ ဗိုလ်ချုပ်အောင်ဆန်းလမ်းမှ ဟိုပုံး-လွိုင်လင် ပြည်ထောင်စုလမ်းမကြီးအတိုင်း ဌာနဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများက တစ်ပျော်တစ်ပါး စုပေါင်းလမ်းလျှောက်ခဲ့ကြသည်။


ထို့သို့ဆောင်ရွက်ရာတွင် ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အတွင်းရေးမှူး ဦးတင်ထူးမောင်၊ တပ်မတော်ကွန်ပျူ တာနှင့်နည်းပညာသိပ္ပံကျောင်းမှ ဒုတိယကျောင်းအုပ်ကြီး  ဗိုလ်မှူး ကြီး စောအောင်မျိုးနှင့် အရာရှိကြီးများ၊  ပအိုဝ်းကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ စီမံအုပ်ချုပ်ရေးအဖွဲ့ အဖွဲ့ဝင် ဒုတိယဗိုလ်မှူးကြီး ညီညီတင်၊  မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမြင့်ထွန်းနှင့် အဖွဲ့ဝင်များ၊ ဒေသ/မြို့နယ် အဆင့်ဌာန ဆိုင်ရာများနှင့် ဒေသခံပြည်သူများ၊ ကျောင်းသား၊ ကျောင်းသူများ  စုပေါင်း၍ ကိုယ်လက်ကြံ့ခိုင်ရေး အတွဲ(၁)၊ အတွဲ(၂)နှင့် Fitness dance အကများဖြင့် ပါဝင်ဆင်နွှဲခဲ့ ကြကြောင်းသိရသည်။


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment