Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲ စည်ကားသိုက်မြိုက်စွာဆင်နွဲ





MNP  -  ဒီဇင်ဘာ  ၂၄

ရခိုင်ပြည်နယ် မောင်တောမြို့နယ်၌ ဒီဇင်ဘာအားကစားလ စုပေါင်းလူထုလမ်းလျှောက်ပွဲကို  ခရိုင် စီမံ အုပ် ချုပ် ရေး အဖွဲ့မှ ကြီးမှူး၍  မြို့နယ် အားကစား နှင့် ကာယပညာ ဦးစီဌာနက ဦးဆောင်ကာ တစ်မျိူးသားလုံး ကျန်း မာ ကြံ့ ခိုင် ရေး အတွက် စုပေါင်းလူထုအား ကစားလ စုပေါင်းလမ်းလျှောက်ပွဲကို  ယနေ့ နံနက် ၅ နာရီက မြို့မနာရီ စင်ခွ ဆုံ စုရပ် မှ စတင်ကာ  ခရိုင် စီမံ အုပ် ချုပ် ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးနေဦး နှင့် အဖွဲ့ဝင်များ ၊ မြို့နယ် စီမံအုပ် ချုပ်ရေး အဖွဲ့ ဥက္ကဋ္ဌ ဦး ကံထွန်း အောင် နှင့် အဖွဲ့ဝင်များ ၊ခရိုင်/ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်း များ၊ ဆရာ/မ များ၊ ကျောင်း သား/သူများ၊ ရပ်ကွက် နေပြည်သူများ အင်အား(၇၃၀)ခန့် စုပေါင်း လမ်း လျှောက်ခဲ့ကြသည်။ 


အဆိုပါ စုပေါင်းလမ်းလျှောက်ပွဲကို မြို့မနာရီစင်ခွဆုံ စုရပ် မှ စတင်ကာ လမ်းမကြီးတစ်လျှောက် မြို့ဝင်မုဒ်ဦး အနီးအနားထိ လည်း ကောင်း ၊ ထိုမှတဆင့် အမှတ်(၁)အခြေခံပညာအထက်တန်းကျောင်းသို့ ပြန်လျှောက်ကာ  အား ကစား ကွင်း အတွင်း “ကိုယ်လက်လှုပ်ရှား ဆေးတစ်ပါး” အစီအစဉ်အတိုင်း(Fitness Dance)အက လေ့ကျင့်ခန်းများ တစ်ပျော်တစ်ပါး စုပေါင်း ပြုလုပ် ဆောင်ရွက်မည်ဖြစ်ပြီး လမ်းလျှောက်ပွဲ ပါဝင်ဆင်နွဲသူများအား ကောက်ညင်းပေါင်းဖြင့် ဧည့်ခံကျွေးမွေးခဲ့ကြ ကြောင်း  သိရသည်။


သက်လွင်စိုး၊အောင်ကျော်စိန်

https://t.me/MyanmarNationalPost

No comments:

Post a Comment