Pages

Pages

မကွေးတိုင်းဒေသကြီးဝန်ကြီးချုပ် ဦးတင့်လွင် နိုင်ငံတော်သြဝါဒါစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေလာသ သက်တော်ရှည်ဆရာတော်ကြီး ရုပ်ကလာပ်တော်အား ဖူးမျှော်ကြည်ညို





MNP ၊ ဒီဇင်ဘာ ၆

မကွေးတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင့်လွင်သည် အဖွဲ့ဝင်ဝန်ကြီးများနှင့်အတူ ယမန်နေ့နံနက် ၉ နာရီက မကွေးမြို့ ရာဇမုနိကျောင်းတိုက်သို့ သွားရောက်၍ ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီဖြစ်သော မကွေးမြို့ ရာဇမုနိကျောင်းတိုက်၏ ဦးစီးပဓာန နာယကနိုင်ငံတော်သြဝါဒါစရိယ  မဟာသဒ္ဓမ္မ ဇောတိကဓဇ ဘဒ္ဒန္တကေလာသ သက်တော်ရှည် ဆရာတော်ကြီး၏ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ဖူးမျှော်ကြည်ညိုကာ၊ ဆရာတော်ကြီး၏ အန္တိမ အဂ္ဂိဈာပန သာဓုကီဠနသဘင်အတွက် လိုအပ်ရာ ဆောင်ရွက်နိုင်ရန်အတွက် တိုင်းဒေသကြီး အစိုးရအဖွဲ့မှ ဝတ္ထုငွေကျပ်(၅၀)သိန်းအား ဆက်ကပ်လှူဒါန်းခဲ့သည်။


မကွေးမြို့ ရာဇမုနိကျောင်းတိုက်၏ ဦးစီးပဓာနနာယက နိုင်ငံတော်သြဝါဒါစရိယ မဟာသဒ္ဓမ္မ ဇောတိကဓဇဘဒ္ဒန္တကေလာသ သက်တော်ရှည်ဆရာတော်ကြီးသည် သက်တော်(၉၇)နှစ်၊ သိက္ခာ တော်(၇၇)ဝါအရ ၁၃၈၄ ခုနှစ်၊ နတ်တော်လဆန်း(၈)ရက် ၃၀-၁၁-၂၀၂၂ ရက်(ဗုဒ္ဓဟူးနေ့) ည ၈ နာရီခွဲအချိန်တွင် ဘဝနတ်ထံပျံလွန်တော်မူခဲ့ပြီး၊ ကြွင်းကျန်ရစ်သော ဥတုဇရုပ်ကလာပ်တော်ကို ၁၃၈၄ ခုနှစ်၊နတ်တော်လဆန်း(၁၄)ရက်၊ ၆-၁၂-၂၀၂၂ ရက်(အင်္ဂါနေ့)၌ အန္တိမအဂ္ဂိဈာပန သာဓုကီဠနသဘင်အား ကျင်းပပြုလုပ်သွားမည်ဖြစ်ကြောင်း သိရသည်။


မောင်ညီညာ

https://t.me/MyanmarNationalPost

No comments:

Post a Comment