Pages

Pages

ရှေးဦးပြုစုခြင်း(အခြေခံ)သင်တန်း ဆင်းပွဲအခမ်းအနားကျင်းပ





MNP -  ဒီဇင်ဘာ      ၂၇

မွန်ပြည်နယ်၊ သထုံမြိုနယ်၊ မရမ်းကုန်းကျေးရွာ အခြေခံပညာအထက်တန်းကျောင်းတွင် မြန်မာနိုင်ငံကြက်ခြေနီအသင်း၊ သထုံမြို့နယ်ကြက်ခြေနီအသင်းခွဲနှင့် မြို့နယ်ပညာရေးမှုးရုံးတို့ ပူးပေါင်းကာဖွင့်လှစ်ခဲ့သည့် ရှေးဦးပြုစုခြင်း(အခြေခံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲပိုင်းက အဆိုပါကျောင်း၌ပြုလုပ်ခဲ့ကြောင်း သိရသည်။


သင်တန်းဆင်းပွဲတွင် မြို့နယ်ကြက်ခြေနီအသင်းခွဲ ကော်မတီဝင် ဦးဝင်းမြင့်၊ အငြိမ်းစား‌ကျောင်းအုပ် ဆရာမကြီး ဒေါ်နော်စိန်အေးနှင့် ကျောင်းအကျိုးတော်ဆောင်)ဦးမျိုးမြင့်တို့က သင်တန်းဆင်းအမှာစကားများ ပြောကြားပြီး တာဝန်ရှိသူတို့က သင်တန်းထူးချွန်ဆုနှင့် သင်တန်းဆင်းလက်မှတ်များ ပေးအပ်ခဲ့ကြသည်။


အဆိုပါသင်တန်းသို့ အထက(မရမ်းကုန်း)ကျောင်းမှ ရှေးဦးသူနာပြုစုခြင်းအား စိတ်ပါ၀င်စားသည့် ကျောင်းသား‌ကျောင်းသူ (၁၂၁)ဦးတို့တက်ရောက်ခဲ့ကြပြီး မြို့နယ်ကြက်ခြေနီအသင်းမှ နည်းပြ ၅ ဦးတို့က ဒီဇင်ဘာလ ၂၃ ရက်နေ့မှစတင်ကာ (၄)ရက်ကြာ ရှေးဦးပြုစုခြင်းဆိုင်ရာ အတတ်ပညာများကို စာတွေ့လက်တွေ့ သင်ကြားပို့ချပေးခဲ့ကြကြောင်း သိရသည်။


နဒီ

https://t.me/MyanmarNationalPost

No comments:

Post a Comment