Pages

Pages

အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းလက်ခံခြင်း အခမ်းအနားကျင်းပ



MNP -  ဒီဇင်ဘာ ၂၇

သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန အနုပညာဦးစီးဌာနရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို တရုတ်ပြည်သူ့သမ္မတနိုင်ငံ၏ အကူအညီဖြင့် အကြီးစားမွမ်းမံပြင်ဆင်ပြီးမြောက်သဖြင့် လွှဲပြောင်းလက်ခံခြင်းအခမ်းအနားကို ယနေ့နံနက် ၉ နာရီတွင် အမျိုးသားဇာတ်ရုံ (ရန်ကုန်)၌ ကျင်းပသည်။


အခမ်းအနားသို့ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ လူမှုရေးဝန်ကြီး ဦးအောင်ဝင်းသိန်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် သံရုံးဝန်ထမ်းများ၊ Beijing Construction Engi-neering Group Co.,Ltd မှ အင်ဂျင်နီယာများ၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ တက်ရောက်ကြသည်။


အခမ်းအနားတွင် ပြည်ထောင်စုဝန်ကြီး ဦးကိုကို၊ ရန်ကုန်တိုင်းဒေသကြီး သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ မြန်မာနိုင်ငံဆိုင်ရာ တရုတ်နိုင်ငံသံအမတ်ကြီး Mr. Chen Hai နှင့် စီးပွားရေးသံမှူး Mr. Tan Shu Fu တို့က အမျိုးသားဇာတ်ရုံ (ရန်ကုန်)ကို ဖဲကြိုးဖြတ်၍ ဖွင့်လှစ်ပေးကြသည်။


ထို့နောက် အမျိုးသားဇာတ်ရုံ (ရန်ကုန်) ပြင်ဆင်မွမ်းမံမှုအဆင့်ဆင့်မှတ်တမ်း Video Clip ကိုပြသပြီး သံအမတ်ကြီးက ဂုဏ်ပြုအမှာစကားပြောကြားသည်။


ယင်းနောက် ပြည်ထောင်စုဝန်ကြီးထံ သံအမတ်ကြီးကအမျိုးသားဇာတ်ရုံ (ရန်ကုန်)ပြင်ဆင်ပြီးစီးမှုဆိုင်ရာ အထောက်အထားများကို လွှဲပြောင်းပေးအပ်ပြီး အမှတ်တရလက်ဆောင်များ အပြန်အလှန်ပေးအပ်ကြသည်။


ဆက်လက်၍ ပြည်ထောင်စုဝန်ကြီးက မကြာမီအချိန်တွင် ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံ၏ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးအခမ်းအနားကြီးကို စည်ကားသိုက်မြိုက်စွာကျင်းပမည်ဖြစ်ကြောင်း၊ ထို့ကြောင့် ယခုကျင်းပသည့် အမျိုးသားဇာတ်ရုံ (ရန်ကုန်) လွှဲပြောင်းလက်ခံခြင်းအခမ်းအနားသည် စိန်ရတုလွတ်လပ်ရေးနေ့ကို ဂုဏ်ပြုရာရောက်သည့် အခမ်းအနားဖြစ်သည့်အတွက် တရုတ်ပြည်သူ့သမ္မတနိုင်ငံ ပြည်သူများကို ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်ကိုယ်စား ကျေးဇူးအထူးတင်ရှိပါကြောင်း ပြောကြားသည်။


ထို့နောက် ပြည်ထောင်စုဝန်ကြီးနှင့် ဧည့်သည်တော်များသည် မှတ်တမ်းတင်ဓာတ်ပုံရိုက်ကြပြီး အမျိုးသားဇာတ်ရုံ(ရန်ကုန်) ပြင်ဆင်မွမ်းမံထားရှိမှုကို လှည့်လည်ကြည့်ရှုကြသည်။


အမျိုးသားဇာတ်ရုံ (ရန်ကုန်) အကြီးစားပြင်ဆင်မှုအတွက် လုပ်ငန်းတန်ဖိုး RMB ၁၇၃၀၀၀၀၀၀ (ယွမ်တစ်ရာခုနစ်ဆယ့်သုံးသန်း တိတိ)ကုန်ကျခဲ့ကာ အသစ်တည်ဆောက်ပေးသကဲ့သို့ ခေတ်မီ ဇာတ်ရုံအင်္ဂါရပ်များ ပြည့်စုံစွာထည့်သွင်းပေးထားပြီး အမျိုးသားဇာတ်ရုံရှိ ဝန်ထမ်းများကိုလိုအပ်သော သင်တန်းများ လေ့ကျင့်သင်ကြားပေးခဲ့ကြောင်း သိရသည်။

https://t.me/MyanmarNationalPost

No comments:

Post a Comment