တောင်ကြီးမြို့၌ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲ ကျင်းပ - MyanmarNationalPost

MyanmarNationalPost

News Agency

Breaking

တောင်ကြီးမြို့၌ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲ ကျင်းပ



MNP - ဒီဇင်ဘာ ၄


တစ်မျိုးသားလုံး ကျန်းမာကြံ့ခိုင်ရေးအတွက် ၂၀၂၂ ခုနှစ် ဒီဇင်ဘာလ လူထုစုပေါင်းလမ်းလျှောက်ပွဲနှင့် အားကစားပြိုင်ပွဲကို ယမန်နေ့ နံနက်(၆)နာရီက တောင်ကြီးမြို့ ၊ ပြည်နယ်အားကစားကွင်း၌ ကျင်းပသည်။


အဆိုပါ လူထုစုပေါင်းလမ်းလျှောက်ခြင်းကို ရှမ်းပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက တာလွှတ်ပေးပြီး ပြည်နယ်အားကစားကွင်းအတွင်း (၄)ပတ်လမ်းလျှောက်ကြ၍ ကိုယ်လက်သွေးပူ လေ့ကျင့်ခန်းအတွဲ(၁) အမှတ်(၂) ပြုလုပ်ကြပြီး အကြောဖြေလေ့ကျင့်ခန်းများ ဆောင်ရွက်ကြသည်။


ဆက်လက်၍ ဒီဇင်ဘာလူထုစုပေါင်းလမ်းလျှောက်ပွဲတွင် ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူး၊ ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ ဆရာ၊ ဆရာမများ၊ ကျောင်းသား၊ ကျောင်းသူများ၊ဒေသခံပြည်သူများ တစ်ပျော်တစ်ပါး ပါဝင်လမ်းလျှောက်ကြပြီး အားကစားပြိုင်ပွဲများကျင်းပရာ ရှမ်းပြည်နယ်အစိုးရဖွဲ့၊ ပြည်နယ်ဝန်ကြီးချုပ် ဦးဆောင်သောအဖွဲ့ ပြည်နယ်အဆင့်ဌာနဆိုင်များမှ အကြီးအကဲတို့က ဂေါက်သီးပတ်တာပတ် ယှဉ်ပြိုင်ခြင်း၊ ဘောလုံးဂိုးကျင်း ကန်သွင်းမှုယှဉ်ပြိုင်ခြင်း၊ ကျောင်းသား၊ ကျောင်းသူများမှ မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲ၊ ပူစီပေါင်းဖောက်ပြိုင်ပွဲ၊ မီတာ(၁၀၀)၊ မီတာ(၂၀၀)၊ မီတာ(၄၀၀)အပြေးပြိုင်ပွဲ၊ ခြေ(၃)ချောင်းထောက်ပြိုင်ပွဲ၊ မီတာ(၁၀၀×၄၀၀) လက်ဆင့်ကမ်း ပြိုင်ပွဲ၊ သံလုံးပစ်၊ သံပြားပစ်၊ လှံတန်ပစ်ပြိုင်ပွဲများ ပါဝင်ယှဉ်ပြိုင်ကြပြီး ဆုပေးပွဲကျင်းပရာ ရှမ်းပြည်နယ်အစိုးရအဖွဲ့မှ ပြည်နယ်ဝန်ကြီးချုပ်၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့အတွင်းရေးမှူး၊ ပြည်နယ်အဆင့်ဌာနဆိုင်များမှ ဂေါက်သီးပတ်တာပတ်နှင့် ဘောလုံးဂိုးကျင်းတွင်ဆုရရှိသူများအား ဆုချီးမြှင့်ပေးကြပြီး ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်း၊ ပြည်နယ်ဝန်ကြီးများ၊ ပြည်နယ်အစိုးရအဖွဲ့ အတွင်းရေးမှူးတို့က မုန့်စားပြိုင်ပွဲ၊ အာလူးကောက်ပြိုင်ပွဲတွင် ပထမ၊ ဒုတိယ၊ တတိယ ဆုရရှိသော ကျောင်းသား၊ ကျောင်းသူများအား အသီးသီးဆုများချီးမြှင့်ပေးကြကြောင်း သိရသည်။


သတင်း - မောင်မောင်သန်း


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)