Pages

Pages

ကြံခင်းမြို့ လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် တိုင်းရင်းဆေး အသိပညာပေး Talk Show အစီအစဉ် ကျင်းပပြုလုပ်



MNP  -  ဒီဇင်ဘာ ၂၂

ဧရာဝတီတိုင်းဒေသကြီး၊ မြန်အောင်ခရိုင်၊ ကြံခင်းမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမတွင် မြို့နယ်တိုင်းရင်းဆေး ဦးစီးဌာနနှင့် ပူးပေါင်းပြီး တိုင်းရင်းဆေးအသိပညာပေး Talk Show အစီအစဉ်ကို ယမန်နေ့  နေ့လည်ပိုင်းက ကျင်းပပြုလုပ်သည်။


ရှေးဦးစွာ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန မြို့နယ်ဦးစီးအရာရှိ ဒေါ်ခင်မိုးမြင့်က မိတ်ဆက်စကားပြောကြားပြီး၊ Talk Show ကျင်းပပြုလုပ်ရခြင်း၏ ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားသည်။


ဆက်လက်ပြီး မြို့နယ်တိုင်းရင်းဆေးဦးစီးဌာန (မြို့နယ်တိုင်းရင်းဆေးမှူး) ဒေါ်သူဇာမြင့်က လူ့ခန္ဓာကိုယ်ကို ဒုက္ခပေးသောရောဂါများအနက်မှ အဆိုးဝါးဆုံးရောဂါဖြစ်သော အဆစ်ရောင် ရောဂါ၏ လက္ခဏာများ၊ အဆစ်ရောင်ရောဂါ၏ထူးခြားချက်နှင့် ခွဲခြားသိထားသင့်သော မှားယွင်းတတ်သော ရောဂါများ၊ အဆစ်ရောင်ရောဂါအုပ်စု(၅)ခှနှင့် သတိပြုရှောင်ရှားသင့်သည့် အချက်များ၊ ကုသပုံနည်းများကို အသိပညာပေး ပြောကြားခဲ့ကြောင်း သိရသည်။


ကြံခင်းမြို့နယ် ပြည်သူ့စာကြည့်တိုက်ရှိ (Community Centre) ခန်းမတွင် ပြည်သူများ အသိပညာ ဗဟုသုတရရှိစေရန် ရည်ရွယ်ပြီး Talk Showအစီအစဉ်များ၊ ဟောပြောပွဲများ၊ စာပေဆွေးနွေးပွဲများ၊ စာအုပ်စာစောင်ပြပွဲများကို စဉ်ဆက်မပြတ် ဆောင်ရွက်ပေးလျက် ရှိကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment