Pages

Pages

ကျိုက်ထိုမြို့နယ်တွင် အခြေခံပညာမူလတန်း အဆင့် Grade 5 (မြို့နယ်အဆင့်)စာ‌မေးပွဲ‌ မေးခွန်းဆိုင်ရာအလုပ်ရုံဆွေးနွေးပွဲကျင်းပ

 



MNP - ဒီဇင်ဘာ ၁၁


မွန်ပြည်နယ်၊ ကျိုက်ထိုမြို့နယ် အခြေခံပညာဦးစီးဌာနမှ ၂၀၂၂-၂၀၂၃ ပညာသင်နှစ် အခြေခံပညာမူလတန်းအဆင့် ပဉ္စမတန်း Grade 5 (မြို့နယ်အဆင့်) စာမေးပွဲမေးခွန်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲကို ယမန်နေ့နံနက် ၉ နာရီတွင် အမှတ်(၁)အခြေခံပညာ  အထက်တန်းကျောင်း ရာပြည့်ခန်းမတွင် ကျင်းပပြုလုပ်ခဲ့သည်။


ရှေးဦးစွာ ကျိုက်ထိုမြို့နယ် ဒုတိယ မြို့နယ်ပညာရေးမှူး ဦးအောင်မြင့်ထွန်း က မေးခွန်းပြုလုပ်ခြင်းဆိုင်ရာ အလုပ်ရုံဆွေးနွေးပွဲပြုလုပ်ရခြင်း ရည်ရွယ်ချက်အား ရှင်းလင်း ပြောကြားပြီး ဘာသာရပ်ဆိုင်ရာ ဆွေးနွေးပို့ချမည့်ဘာသာရပ် ဆရာများကဘာသာရပ် အလိုက်ရှင်းလင်းပြောကြားခဲ့သည်။


အဆိုပါ ဆွေးနွေးပွဲသို့ အထက်တန်း၊ အလယ်တန်း၊ မူလတန်း(လွန်)၊ မူလတန်းနှင့်ဘုန်းတော်ကြီး သင်ပညာရေးကျောင်း၊ ပုဂ္ဂလိကပညာရေးကျောင်းများမှကျောင်း အုပ်များနှင့် ဆရာ၊ဆရာမ စုစုပေါင်း (၃၀၀)ဦး တက်ရောက်ကြပြီး ဆွေးနွေးပို့ချမည့် ဘာသာရပ် များမှာမြန်မာစာ၊ အင်္ဂလိပ်စာ၊ သင်္ချာ၊ သိပ္ပံ၊ လူမှူရေးဘာသာရပ်များအား ဘာသာရပ်ဆိုင်ရာ ဆရာ (၅)ဦး က နံနက် ၉ နာရီခွဲမှ ညနေ ၄ နာရီခွဲထိ တစ်ရက်ကြာ ဘာသာရပ်အလိုက် ဆွေးနွေးသွားမည်ဖြစ်ကြောင်း သိရသည်။


သတင်း - ဝင်းမောင်


မြန်မာနေရှင်နယ်ပို့စ်

No comments:

Post a Comment