Pages

Pages

သရက်ချောင်းမြို့နယ်တွင် KNU/PDF အလောင်း (၇) လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိ



MNP ၊ ဒီဇင်ဘာ ၁၉ 

တနင်္သာရီတိုင်း၊ သရက်ချောင်းမြိုနယ်၊ ပေတခတ်ရွာအနီးတွင် KNU/PDF အလောင်း (၇) လောင်းနှင့် လက်နက်များ သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 

ဖြစ်စဉ်မှာ သရက်ချောင်းမြို့နယ်၊ ပေတခတ်ကျေးရွာအနီးတွင် လုံခြုံရေးတပ်ဖွဲဝင်များမှ KNU/PDF ပူးပေါင်း အဖွဲများကို လိုက်လံရှင်းလင်းရာတွင် KNU/PDF အလောင်း (၇) လောင်း၊ M4 - A1 သေနတ် (၂) လက်၊ ကိုးလုံးကျည်ဖြင့် ပစ်ရသော လက်လုပ်သေနတ် (၂) လက်၊ ကျည်အိမ် (၂) ခု၊ ကျည်မျိုးစုံ (၆၃) တောင့်တို့အား သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။ 


https://t.me/MyanmarNationalPost


(PDF အကြမ်းဖက်သမားများ၏ လှုပ်ရှားမှု၊ ရက်စက်ယုတ်မာရိုင်းစိုင်းမှုများ နှင့် ဆက်စပ်သော သတင်းများ မြန်မာနေရှင်နယ်ပို့စ် သို့ ပေးပို့လိုပါက Viber - 09668195528, Telegram - 09692366274 သို့ ပေးပို့နိုင်ပါသည်။ ဖုန်းခေါ်ဆိုခြင်း မပြုပါရန် မေတ္တာရပ်ခံအပ်ပါသည်။)


No comments:

Post a Comment