Pages

Pages

ဘဏ္ဍာရေးနှစ် (Mini Budget) ကာလများတွင် ကောက်ခံရန်ကျန်ရှိသော အခွန်၊ အခများကိစ္စနှင့် ၂၀၂၂-၂၀၂၃ ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပ



MNP  -    ဒီဇင်ဘာ ၂၃

ရှမ်းပြည်နယ် စည်ပင်သာယာရေးဌာန ကွပ်ကဲမှုအောက်ရှိ မြို့နယ် / မြို့နယ်ခွဲ စည်ပင်သာယာရေးဌာနများ၏ ၂၀၂၀-၂၀၂၁ ခုဘဏ္ဍာရေးနှစ်နှင့် ၂၀၂၁-၂၀၂၂ ခု ဘဏ္ဍာရေးနှစ် (Mini Budget) ကာလများတွင် ကောက်ခံရန်ကျန်ရှိသော အခွန်၊ အခများကိစ္စနှင့် ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာရေးနှစ် စည်ပင်သာယာရေးဆိုင်ရာ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ဒီဇင်ဘာ(၂၁)ရက် မွန်းလွဲ(၁)နာရီက တောင်ကြီးမြို့၊ ရှမ်းပြည်နယ်အစိုးရရုံးအစည်းအဝေးခန်းမ၌ ကျင်းပသည်။


လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ရှမ်းပြည်နယ်စည်ပင်သာယာရေးဌာန ညွှန်ကြားရေးမှူး ဦးစိုင်းထွန်းထွန်းမှ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကျင်းပရခြင်းရည်ရွယ်ချက်အား ရှင်းလင်းတင်ပြပြီး စည်ပင်သာယာရေးဌာနများရှိ ဝန်ထမ်းများနှင့် ကုမ္ပဏီတာဝန်ရှိသူများအား တစ်ဦးချင်းမိတ်ဆက်ပေးသည်။


ဆက်လက်၍ ရှမ်းပြည်နယ်အစိုးရအဖွဲ့ ပြည်နယ်ဝန်ကြီးချုပ် ဒေါက်တာကျော်ထွန်းက ယနေ့ကျင်းပသည့်အစည်းအဝေးသည် ၂၀၂၁-၂၀၂၂ ခု မီနီဘတ်ဂျက်တွင် ကောက်ခံရန်ကျန်သည့်အခွန်အခများကို မည်ကဲ့သို့ဆောင်ရွက်ရမည့်ကိစ္စရပ်များနှင့် လက်ရှိ ၂၀၂၂-၂၀၂၃ ခု ဘဏ္ဍာနှစ်တွင်လည်း မည်ကဲ့သို့ဆောင်ရွက်ရမည်ကို ဆွေးနွေးသွားမည်ဖြစ်ကြောင်း၊ စည်ပင်သာယာရေးဌာနအနေဖြင့် မြို့တွင်းသာယာလှပရေးအတွက် အမှိုက်သိမ်းသည့်စနစ်နှင့် အမှိုက်ကောက်သည့်စနစ်များ ဆောင်ရွက်ပေးရန်မှာကြားလိုကြောင်း၊ ယနေ့အစည်းအဝေးတွင် မြို့နယ်ပေါင်းစုံ လာရောက်သည့်အတွက် မှာကြားခွင့်ရသည်ကို ဝမ်းသာပါကြောင်း၊ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးနှင့် သာယာလှပရေး၊ ပြုပြင်ထိန်းသိမ်းရေးအတွက် ဆောင်ရွက်ရသည့်နေရာတွင် သတ်မှတ်ထားသည့် ညွှန်ကြားချက် လုပ်ထုံး၊ လုပ်နည်းအညီ ဆောက်ရွက်သွားကြရန်လိုအပ်ပါကြောင်း၊ သတ်မှတ်ထားသည့် စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်သွားကြရန် ပြောကြားလိုကြောင်း၊ မြို့ရွာဖွံ့ဖြိုးတိုးတက်ရေးအတွက်လည်း လိုအပ်သည်များကိုလည်း မိမိတို့အစိုးရအဖွဲ့မှ ထောက်ပံ့ပေးလျက်ရှိပါကြောင်း၊ စည်ပင်သာယာရေးဌာနကို မှာကြားလိုသည်မှာ မြို့တွင်းလမ်းများမကောင်းပါက ဆောင်ရွက်ပေးကြရန်နှင့် အစိုးရအဖွဲ့အနေဖြင့် ပင်မ(၄)ရပ်ဖြစ်သည့် လမ်းကောင်းမွန်ရေး၊ လျှပ်စစ်မီးရရှိရေး၊ ဆက်သွယ်ရေးကောင်းမွန်ရေး၊ လူစွမ်းအားဖွံ့ဖြိုးတိုးတက်ရေး စသည့်အချက်များဖြင့် အဓိကထားဆောင်ရွက်နေပါကြောင်း ပြောကြားသည်။


အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးကို ရှမ်းပြည်နယ် (တောင်ပိုင်း၊ မြောက်ပိုင်း၊ အရှေ့ပိုင်း)ရှိ စည်ပင်သာယာရေးဝန်ထမ်းများ တက်ရောက်ကြပြီး အစည်းအဝေးကို ဒီဇင်ဘာ(၂၀)ရက်မှ (၂၁)ရက်နေ့အထိကျင်းပကြောင်း သိရသည်။


မောင်မောင်သန်း

https://t.me/MyanmarNationalPost

No comments:

Post a Comment