Pages

Pages






MNP  ၊ ဒီဇင်ဘာ ၂၁ 

      ရခိုင်ပြည်နယ်၊ ပုဏ္ဏားကျွန်းမြို့နယ်မြန်မာ့စီးပွားရေးဘဏ်မှ အငြိမ်းစားဝန်ထမ်းများ၏ ပင်စင်ငွေများကို လစဉ်ပုံမှန်ထုတ်ပေးလျက်ရှိရာ ယနေ့၊ နံနက်ပိုင်းတွင် အငြိမ်းစား ဝန်ထမ်း(၂၅၁)ဦး၏ ပင်စင်ငွေများကို လက်ဝယ်ရောက်ထုတ်ပေးနိုင်ခဲ့ကြောင်းသိရသည်။

   ပုဏ္ဏားကျွန်းမြို့နယ်တွင် အငြိမ်းစားပင်စင်စားဝန်ထမ်းဦးရေ(၁၃၂၀)ဦးရှိရာ ယနေ့တွင် လာရောက်ထုတ်ယူသည့် အငြိမ်းစားဝန်ထမ်း(၂၅၁)ရှိပြီး၊ သက်ကြီးပင်စင်စားနှင့်နာမကျန်သူများကို ဦးစား ပေးစနစ်ဖြင့် ဘဏ်ဝန်ထမ်းများက စနစ်တကျထုတ်ပေးလျက်ရှိသည်။

     အဆိုပါ ပင်စင်လစာငွေများကို လစဉ်ပုံမှန်လဆန်း(၂၁)ရက်နေ့မှ(၂၈)ရက်နေ့အထိ၊ နံနက်(၈)နာရီမှမွန်းလွဲ(၂)နာရီအတွင်း လာရောက်ထုတ်ယူသူများအားလုံးကို မှတ်ပုံတင်စနစ်ဖြင့် စနစ် တကျထုတ်ပေးလျက်ရှိပြီး၊ လာရောက်ထုတ်ယူခြင်းမရှိသူများအနေဖြင့် ကိုယ်တိုင် ဖြစ်စေ၊ ကိုယ်စားလှယ်လွဲစာဖြင့်ဖြစ်စေ လာရောက်ထုတ်ယူနိုင်ကြောင်း နယ်မြန်မာ့စီးပွားရေးဘဏ် မန်နေဂျာထံမှ သိရသည်။

နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment