Pages

Pages

ချောင်းသာကမ်းခြေ၌ ခရစ္စမတ်ကာလ လာရောက်လည်ပတ်သူများဖြင့်စည်ကား




MNP  -  ဒီဇင်ဘာ ၂၅

ပုသိမ်ခရိုင် ချောင်းသာမြို့ရှိ ချောင်းသာကမ်းခြေ၌ ယနေ့နံနက်ပိုင်းက အနယ်နယ်အရပ်ရပ်မှ လာရောက်အပန်းဖြေသူများ စည်ကားများပြားလျက်ရှိသည်။


"ဒီနေ့က လာရောက်အပန်းဖြေတဲ့သူ တော်တော်များပါတယ်။ ခရီးသွားဧည့်သည်က နေ့စဉ်မှန်တော့မရှိပါဘူး။ များတဲ့အခါများ၊ နည်းတဲ့အခါလည်း နည်းတာပေါ့။ နေ့ကြီး၊ ရက်ကြီးတွေမျိုး၊ ခုလို ခရစ္စမတ်ပွဲတော်ကာလမျိုးတွေဆိုရင်လာပြီးအပမ်းဖြေလည်ပတ်သူ အရမ်းများပါတယ်။ ဒီလမှာ ဆိုရင် လဝက်လောက်ကတည်းက ဟိုတယ်၊ တည်းခိုခန်းတွေမှာ လာတည်းသူတွေ၊ ကြိုတင် စာရင်းပေးထားတာတွေပြည့်နေတယ်လို့ကြားရတယ်။ နှစ်သစ်ကူးလည်းရှိနေတော့ ဒီရက်တည်းမှာ လူကအရမ်းစည်ကားနေပါတယ်။ စျေးလည်းရောင်းလို့ကောင်းပါတယ်" ဟု ကမ်းခြေတွင် စျေးရောင်းချလုပ်ငန်း လုပ်ကိုင်သည့် ဒေသခံဦးစန်းမင်း ကပြောသည်။


ချောင်းသာကမ်းခြေသို့ အစိုးရရုံးပိတ်ရက်နှင့် အများပြည်သူ အလုပ်ပိတ်ရက်ရှည်မဟုတ်သည့်နေ့များတွင် လာရောက်လည်ပတ်အပန်းဖြေသူ ပုံမှန်ရှိသော်လည်း နေ့ကြီးရက်ကြီးနှင့် အလုပ်ပိတ်ရက်ရှည်များတွင် ပိုမိုစည်ကားများပြားကြောင်း သိရသည်။


ကျော်ကျော် 

https://t.me/MyanmarNationalPost

No comments:

Post a Comment