Pages

Pages

စဉ့်ကိုင်မြို့နယ်၊ ကျောက်ဆည်တက္ကသိုလ်၌ (MSME) ဖွံ့ဖြိုးရေးလုပ်ငန်းအတွက် ဒေသအကျိုးပြု အသုံးချဘာသာရပ်များ သင်ကြားခြင်း လုပ်ငန်းညှိနှိုင်းဆွေးနွေး




MNP  -   ဒီဇင်ဘာ ၂၅

အသေးစား၊ အငယ်စားနှင့် အလတ်စား စီးပွားရေးလုပ်ငန်းများ(MSME)ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဒေသအကျိုးပြု ဘွဲ့လွန်ဒီပလိုမာသင်တန်းများ၊ Certificate သင်တန်းများဖွင့်လှစ်သင်ကြားနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေးပွဲကို ယမန်နေ့နံနက်(၉)နာရီခွဲက မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်၊ စဉ့်ကိုင်မြို့နယ်၊ တောမကျေးရွာအုပ်စု၊ ကျောက်ဆည်တက္ကသိုလ် Theatre ခန်းမတွင် ကျင်းပခဲ့ကြောင်းသိရသည်။


ရှေးဦးစွာမြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဗိုလ်အောင်မောင်မောင်က အဖွင့်အမှာ   စကားပြောကြားခဲ့ပြီး  ကျောက်ဆည်တက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာရီရီဦးက စက်မှု၊ လက်မှု လုပ်ငန်းရှင်များအသင်း အနေဖြင့် မိမိတို့ကျောင်းတွင်  ဖွင့်လှစ်မည့်သင်တန်းများအား သက်ဆိုင်ရာဘာသာရပ်ဌာနမှူးများနှင့် ညှိနှိုင်းဆောင်ရွက်သွားမည်ဖြစ်ကြောင်းဆွေးနွေးခဲ့သည်။


ဆက်လက်၍ ကျောက်ဆည်ခရိုင် အသေးစားစက်မှုလက်မှုလုပ်ငန်းဦးစီးဌာန၊ လက်ထောက်ညွှန်ကြားရေးမှူး ဦးကျော်ဇေယျာ၀င်းက အသေးစား၊ အငယ်စား၊ အလတ်စား စီးပွားရေးလုပ်ငန်းများ (MSME) ဖွံ့ဖြိုးတိုးတက်ရေးအတွက်   ဒေသအကျိုးပြုဘွဲ့လွန်ဒီပလိုမာ သင်တန်းများ၊    ဖွင့်လှစ်သင်ကြားနိုင်ရေး၊ အတွက်မြို့နယ်ကုန်သည်များနှင့် စက်မှု၊ လက်မှု၊  လုပ်ငန်းရှင်အသင်းများနှင့်  ပူးပေါင်းပြီး    သင်တန်းများ ဖွင့်လှစ်ဆောင်ရွက်သွားမည့် ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ရာ   တက်ရောက်လာသော  ဌာနဆိုင်ရာများ၊ လုပ်ငန်းရှင်များက  ဆပ်ပြာဆီသင်တန်း၊ လက်သန့်ဆေးရေသင်တန်း၊ စက်ချုပ်သင်တန်း၊   သဘာ၀ပိုးသတ်ဆေးရေသင်တန်းများ သင်တန်း၊  အသီးများဖြင့်  ဝိုင်ပြုလုပ်နည်းသင်တန်းများ၊ ပျားမွေးမြူနည်းသင်တန်းများ ဖွင့်လှစ်သွားမည်ဆိုပါက စီးပွားရေးလုပ်ငန်းရှင်အထိ အောင်မြင်လာမည်ဖြစ်ကြောင်း အသီးသီးဆွေးနွေးခဲ့ကြကြောင်း သိရသည်။ 


၀င်း၀င်းသန်

https://t.me/MyanmarNationalPost

No comments:

Post a Comment