Pages

Pages

ကန့်ဘလူနှင့် တန့်ဆည်မြို့နယ်တွင် PDF အကြမ်းဖက်သမားများအသုံးပြုသည့် Drone နှစ်စီး ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပစ်ချ သိမ်းဆည်း





MNP ၊ ဒီဇင်ဘာ ၃၀

တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာမှ ဆရာတော်ဦးဝါသဝ ၏ တပည့်များ ဖွဲ့စည်းထားသည့် ပြည်သူ့စစ်တပ်ဖွဲ့ဝင်များ က PDF အကြမ်းဖက် သမားများ အသုံးပြုသည့် Drone တစ်စီး၊ ကန့်ဘလူမြို့နယ်၊ ညောင်ပင်ဆိပ်ကျေးရွာတွင် တစ်စီး ပစ်ချ ဖမ်းဆီးနိုင်ခဲ့ကြောင်း သိရသည်။


တန့်ဆည်မြို့နယ်၊ မူးခွကျေးရွာမှ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တစ်ဦးက "ဆရာတော်ကလည်း မှာထားတာလေ။ PDF အကြမ်းဖက်သမားတွေ ဘယ်လိုပုံစံမျိုးနဲ့ပဲ တိုက်ခိုက်လာသည် ဖြစ်စေ ဖြစ်တဲ့နည်းနဲ့ တုန့်ပြန်ဖို့လေ။ Drone လာရင်လည်း ပစ်ချဖို့ မှားထားတာ။ ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေလည်း ခေသူတွေ မဟုတ်တော့ပါဘူး။" ဟု ပြောသည်။


ကန့်ဘလူမြို့နယ် ညောင်ပင်ဆိပ်ကျေးရွာတွင် ပစ်ချဖမ်းဆီးရမိသည့် Drone မှာ တန့်ဆည်ဘက်မှ လွှတ်လိုက်သည့် ဒရုန်းကို ဆရာတော်ဦးဝါသ ၏ ပြည်သူ့စစ်တပ်ဖွဲ့ဝင်များက ပစ်ချနိုင်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။


၃၀-၁၂-၂၀၂၂ ရက်နေ့တွင် ဖမ်းဆီးရမိသည့် Drone ၂စီး အပါအဝင် PDF အကြမ်းဖက်သမားများအသုံးပြုသည့် Drone စုစုပေါင်း ၈စီး ပစ်ချဖမ်းဆီးနိုင်ခဲ့ပြီး ဖြစ်ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment