Pages

Pages

ဂွမြို့ ဓနိချောင်ဖျားတွင် တရားမဝင် သစ်ပုပ်သား Squareတုံးများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိ


MNP  -   ဒီဇင်ဘာ   ၂၁

ရခိုင်ပြည်နယ်၊ သံတွဲခရိုင်၊ ဂွမြို့  ဓနိကျေးရွာအုပ်စု (ဒေသအခေါ်) ဓနိချောင်းဖျားတွင် ယမန်နေ့ နံနက်ပိုင်းက တရားမဝင် သစ်ပုပ်သား Squareတုံးများ ပိုင်ရှင်မဲ့ ဖမ်းဆီးရမိကြောင်း သိရသည်။

ဓနိချောင်းဖျားအတွင်း တရားမဝင်သစ်တုံးများ စုပုံထားကြောင်း သတင်းအရ မြို့နယ်သစ်တောဦးစီးဌာနမှ တာဝန်ရှိသူများ၊ နယ်ထိန်းအရာရှိနှင့် တပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့သည်  ဓနိကျေးရွာအုပ်စု (ဒေသအခေါ်) ဓနိချောင်းဖျားတွင် တရားမဝင် သစ်ပုပ်အမျိုးအစား Square တုံး  (၆)တုံး ၊ ခန့်မှန်းတန်ချိန် (၂.၆၅၂၀)တန်၊ ခန့်မှန်းတန်ဖိုး (၃၉၇၈၀၀)ကျပ်အား ပိုင်ရှင်မဲ့ဖမ်းဆီးရမိခဲ့ကြောင်း မြို့နယ်ရဲတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါဖမ်းဆီးရမိသော သစ်ပုပ်သား Squareတုံးများအား  မြန်မာ့သစ်ထုပ်လုပ်ရေးကုန်း (ဂွမြို့)သို့ သယ်ယူပို့ဆောင်၍ သစ်တောဦးစီးဌာန ၏ လုပ်ထုံးလုပ်နည်းနှင့်အညီ ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။ 

မိုးစက်

https://t.me/MyanmarNationalPost

No comments:

Post a Comment