Pages

Pages

ပေါက်တောမြို့တွင် ဝန်ထမ်းများ လုပ်ငန်းစွမ်းဆောင်ရည်မြင့်မားစေရန် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ Standard Operating Procedure (SOP)စာအုပ်ဖြင့် စာဖတ်ဝိုင်းပြုလုပ်






MNP  -  ဒီဇင်ဘာ    ၂၃

         ရခိုင်ပြည်နယ် ၊ စစ်တွေခရိုင် ၊ ပေါက်တောမြို့၊ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဝန်ထမ်းများအနေဖြင့် လုပ်ငန်းများဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်  Standard Operating Procedure (SOP)  စာအုပ်ဖြင့် ဝန်ထမ်းများရုံးတွင်းစာဖတ်ဝိုင်းကို ယနေ့နံနက်ပိုင်းက ပြန်ကြားရေးနှင့် ပြည်သူ့ဆက်ဆံရေးဦးစီးဌာန (Community Center) ခန်းမတွင်ပြုလုပ်ခဲ့သည်။


         အဆိုပါ စာဖတ်ဝိုင်းတွင် မြို့နယ်ဦးစီးမှူး ဒေါ်တင်တင်စိန်က ဌာနတွင်းထုတ်ဝေထားသည့် လုပ်ငန်းများ ဆောင်ရွက်ရာတွင် လျင်မြန်မှန်ကန်စွာ ဆောင်ရွက်နိုင်ရန်အတွက် သတ်မှတ်ထားသည့် လုပ်ငန်းစနစ်များ (SOP) စာအုပ်တွင်ပါရှိသည့် စီမံခန့်ခွဲရေးဆိုင်ရာ စံသတ်မှတ်ချက်လုပ်ငန်းစနစ်များ ၊ ဝန်ထမ်းများအနေဖြင့် ရုံးလုပ်ငန်းများဆောင်ရွက်ရာတွင် ဝန်ထမ်းစည်းမျဥ်းစည်းကမ်းများကို သိရှိကြစေရန်၊ ဌာနတွင်းဆောင်ရွက်ရသည့် လုပ်ငန်းများကို စနစ်တကျရှိစေရေးအတွက် ဝန်ထမ်းတိုင်းသိရှိလိုက်နာဆောင်ရွက်မှသာ ရုံးလုပ်ငန်းများ ထိရောက်အောင်မြင်မည်ဖြစ်ကြောင်းတို့ကို အကျယ်တဝင့် ဖတ်ကြားဆွေးနွေးခဲ့ပြီး၊ ဒုတိယဦးစီးမှူး ဦးဝင်းမင်းစိုးက စာကြည့်တိုက်လုပ်ငန်းဆိုင်ရာ စာစုလုပ်ငန်း ၊ စာပြုလုပ်ငန်း ၊ မှတ်ပုံတင်ခြင်းလုပ်ငန်းများနှင့် စာကြည့်တိုက် ပုံမှန်စစ်ဆေးခြင်းဆိုင်ရာစနစ်များအား ဖတ်ကြားဆွေးနွေးခဲ့သည်။ ထို့နောက် ဝန်ထမ်းများသိရှိလိုသည်များကို ပြန်လည်မေးမြန်းရာ မြို့နယ်ဦးစီးမှူးက ပြန်လည်ဆွေးနွေးရှင်းလင်းခဲ့ကြောင်း သိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment