Pages

Pages

ကော့မှူးတွင် (၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြို အသိပညာပေး Talk Show‌ ကျင်းပ



MNP - ဒီဇင်ဘာ ၂၆

(၇၅)နှစ်မြောက် လွတ်လပ်ရေးနေ့အကြိုအသိပညာပေး Talk Show ဆွေးနွေးပွဲကို ရန်ကုန်တိုင်းဒေသကြီး တွံတေးခရိုင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန လူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမတွင် ယနေ့နံနက် ၁၀ နာရီအချိန်ကကျင်းပခဲ့ကြောင်း သိရသည်။


အသိပညာပေးဆွေးနွေးပွဲတွင် ကော့မှူးမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ဦးစီးအရာရှိ ဒေါ်ဇာခြည်စိမ့်က မြို့နယ်‌နေပြည်သူများနှင့် ကျောင်းသား ကျောင်းသူများအား “လွတ်လပ်ရေးကြိုးပမ်းမှုသမိုင်းများ” လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံအကြောင်းအရာများကို ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရန် အခုလိုအသိပညာပေး Talk Show ကျင်းပပြုလုပ်ရခြင်းဖြစ်ကြောင်း ပြောကြားခဲ့သည်။


ထို့နောက် ကော့မှူးမြို့နယ် စာရေးဆရာအသင်းမှ အတွင်းရေးမှူး ဦးခင်ဇော် (ခင်ဇော်ကော့မှူး)မှ လွတ်လပ်ရေးနေ့ဖြစ်ပေါ်လာပုံ၊ လွတ်လပ်ရေးဆုံရှုံးမှုကြောင့် ရင်ဆိုင်ကြုံတွေခဲ့ရသည့် အခက်အခဲများ၊ လွတ်လပ်ရေးရရှိအောင် တိုင်းရင်းသားခေါင်းဆောင်များ၏ အသက်သွေးချွေးများကိုစတေး၍ ရယူဆောင်ရွက်ခဲ့ပုံ၊ လွတ်လပ်ရေးဖခင်ကြီးဟုခေါ်ဆိုထိုက်သော အမျိုးသားခေါင်းဆောင်ကြီး ဗိုလ်ချုပ်အောင်ဆန်းနှင့်တကွ မြန်မာလွတ်လပ်ရေးအတွက် တိုက်ပွဲဝင်ခဲ့ကြသော အခြားသောသူရဲ‌ကောင်းကြီးများ၏ သမိုင်းဝင်မှတ်တမ်းများ၊ ၂၀၂၃ ခုနှစ် (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အမျိုးသားရေးဦးတည်ချက်(၅)ရပ်တို့အား အကျယ်တဝင့်ဆွေးနွေးပြောကြားခဲ့ကြောင်း သိရသည်။


ကျော်သူရ

https://t.me/MyanmarNationalPost

No comments:

Post a Comment