MNP - ဒီဇင်ဘာ ၂၅
ရခိုင်ပြည်နယ်၊ ကျောက်ဖြူမြို့၌ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ (၄)ရက်နေ့တွင် ကျရောက်မည့် (၇၅) နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ်အဖြစ် ကျောက်ဖြူခရိုင် အားကစားနှင့်ကာယပညာ ဦးစီးဌာနနှင့် ကိုသားသား အားကစားပစ္စည်းအရောင်းဆိုင်တို့ ပူးပေါင်းကျင်းပသော U-21 ကလပ်ပေါင်း စုံ အမျိုးသားဘောလုံးပြိုင်ပွဲ ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ(၃)နာရီက အစိုးရရပ်ကွက်ရှိ မြို့မ အားကစားဘောလုံးကွင်းကြီး၌ ကျင်းပပြုလုပ်သည်။
ဖွင့်ပွဲတွင် စစ်ကြောင်းမှူးမှဦးဆောင်၍ ဆိုင်းဘုတ်ကိုင်များ၊ အလံကိုင်များနှင့် ပြိုင်ပွဲဝင်ကစား သမားတို့က ကွင်းအတွင်းရှိ သတ်မှတ်နေရာအသီးသီးတွင် နေရာယူကြပြီး ကျောက်ဖြူခရိုင် အားကစား နှင့်ကာယပညာဦးစီးဌာန၊ ခရိုင်ဦးစီးမှူး ဒေါ်ဖြူဖြူဝေမှ ပြိုင်ပွဲကျင်းပရခြင်းနှင့်ပတ်သက်၍ အဖွင့်အမှာ စကား ပြောကြားသည်။ ယင်းနောက် စစ်ကြောင်းမှူးမှဦးဆောင်၍ ပြိုင်ပွဲဝင်ကစားသမားတို့က အားကစားအဓိဌာန်များရွတ်ဆိုပြီး အားကစားကွင်းအတွင်းမှ ပြန်လည်ထွက်ခွာခဲ့ကြသည်။ ထို့နောက် ဘောလုံးပြိုင်ပွဲ ပထမနေ့ပွဲစဉ်အား ဆက်လက်ကျင်းပပြုလုပ်ရာ New Dream FC အသင်းနှင့် ဇင်ချောင်း FC အသင်းတို့ အကြိတ်အနယ် ယှဉ်ပြိုင်ကစားကြခဲ့ကြပြီး ဇင်ချောင်း FC အသင်းမှ New Dream FC အသင်းကို ငါးဂိုး- နှစ်ဂိုးဖြင့် အနိုင်ရရှိသွားသည်။
အဆိုပါ U-21 ကလပ်ပေါင်းစုံ အမျိုးသားဘောလုံးပြိုင်ပွဲတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ ကလပ်အသင်း(၁၁)ပါဝင်ပြီး အုပ်စုပတ်လည်စနစ်ဖြင့် ယှဉ်ပြိုင်ကြမည်ဖြစ်ကာ ပြိုင်ပွဲကာလမှာ ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ(၂၄)ရက်နေ့မှ ၂၀၂၃ ခုနှစ်၊ ဇန်နဝါရီလ(၂) ရက်နေ့အထိ(၉)ရက်ကြာမြင့်မည်ဖြစ်ပြီး ပထမ၊ ဒုတိယ၊ တတိယဆု ရရှိသည့် အသင်းများနှင့် တစ်ဦးချင်းအကောင်းဆုံးကစားသမားဆုရရှိသူ များကို ဆုများအသီးသီး ပေးအပ်ချီးမြှင့်သွားမည်ဖြစ်ကြောင်း သိရှိရသည်။
https://t.me/MyanmarNationalPost




No comments:
Post a Comment