Pages

Pages

မွန်ပြည်နယ် မိခင်နှင့်ကလေးစောင့်ရှောက်မှု ကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့မှ အရန်သားဖွား သင်တန်းသူများအတွက် ဝတ်စုံနှင့် AMW Kit ပေးအပ်ပွဲ ကျင်းပ


MNP -  ဇန်နဝါရီ ၁၂                                                                                

မွန်ပြည်နယ် မိခင်နှင့်ကလေး စောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့နှင့် အမျိုးသမီးရေးရာအဖွဲ့သည် ဇန်နဝါရီ (၁၁)ရက် နေ့လယ်ပိုင်းက မော်လမြိုင်မြို့ ပြည်နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် အရန်သားဖွားသင်တန်းသူများအတွက် ဝတ်စုံနှင့် AMW Kit ပေးအပ်ပွဲ ကျင်းပခဲ့သည်၊၊


ရှေးဦးစွာ မိခင်နှင့်ကလေးစောင့်ရှောက် မှုကြီးကြပ်ရေးအဖွဲ့ နာယက ဒေါ်စန်းစန်းလွင်က မွန်ပြည်နယ်အတွင်း ကျန်းမာရေးလုပ်ငန်းနှင့် ပတ်သက်၍ ပူးပေါင်းဆောင်ရွက်လျက်ရှိကြောင်း၊  သင်တန်းသူများအနေဖြင့် ဒေသခံပြည်သူများ၏ ကျန်းမာရေးအတွက် အထောက်အပံ့ ပေးနိုင်ရန် မျှော်လင့်ကြောင်း၊ သင်တန်းတွင် စာတွေ့လက်တွေ့လေ့လာသင်ယူ မှတ်သားစေလိုကြောင်းပြောကြားပြီး ဝတ်စုံစရိတ်နှင့် အရန်သားဖွားပစ္စည်းပုံးများ ပေးအပ်ရာသင်တန်းသူများက လက်ခံရယူခဲ့သည်။


အဆိုပါ သင်တန်းကို ၂၀၂၂ ခုနှစ်၊ ဒီဇင်ဘာ(၁)ရက်မှ ၂၀၂၃ ခုနှစ်၊ မေလ(၃၁)ရက်အထိ (၆)လကြာ ဖွင့်လှစ်ခြင်းဖြစ်ရာ၊ မွန်ပြည်နယ် (၁၀)မြို့နယ်မှ သင်တန်းသူ(၂၂)ဦး တက်ရောက်လျက်ရှိကြောင်း သိရသည်။


ခင်စန်းမြင့် 

https://t.me/MyanmarNationalPost

No comments:

Post a Comment