Pages

Pages

အုတ်ဖိုမြို့နယ်တွင် လူငယ်ရေးရာခေါင်းဆောင်မှုဆိုင်ရာ အသိပညာပေးဟောပြောပွဲကျင်းပ


MNP  -   ဇန်နဝါရီ ၂၃

ပဲခူးတိုင်းဒေသကြီး၊ သာယာဝတီခရိုင်၊ အုတ်ဖိုမြို့နယ်၊ အ.ထ.က (ခွဲ) လသာကုန်း ကျောင်းတွင် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနှင့် ပညာရေးဌာနတို့ပူးပေါင်း၍ ကလေးသူငယ်အခွင့်အရေးကို ကလေးများကိုယ်တိုင်နားလည်သိရှိပြီး ကျရောက်နိုင်သည့် အန္တရာယ်များအား မိမိကိုယ်မိမိကာကွယ်နိုင်ရန် ကလေးသူငယ်အခွင့်အရေးများကို သိရှိလိုက်နာပြီး ကြိုတင်ကာကွယ်ရှောင်ရှားတတ်စေရန်၊ ကိုယ်ကာယ ကျန်းမာရွှင်လန်းစွာ ပညာသင်ယူနိုင်စေရန်ရည်ရွယ်၍ လူငယ်ရေးရာ အသိပညာပေးဟောပြောပွဲကို ယမန်နေ့ မွန်းလွဲပိုင်းက ကျင်းပ ပြုလုပ်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ မြို့နယ်အားကစားမှူးဒေါ်လဲ့လဲ့လွင်က အားကစားပစ္စည်းများ ထောက်ပံ့ပေးအပ်ရာ  ကျောင်းအုပ်ဆရာမကြီးက လက်ခံရယူကာ ကျောင်းအုပ်ဆရာမကြီးက အဖွင့်အမှာစကားပြောကြားပြီး  မြို့နယ်အားကစားမှူး ဒေါ်လဲ့လဲ့လွင်က လူငယ်ရေးရာခေါင်းဆောင်မှု ဆိုင်ရာများကို ကျောင်းသား၊ ကျောင်းသူများ ကျယ်ကျယ်ပြန့်ပြန့်သိရှိနိုင်စေရေး အသိပညာပေးဟောပြောသည်။


ထို့နောက် အားကစားနှင့်ကာယပညာဦးစီးဌာန ဝန်ထမ်းများက ကျောင်းသား၊ ကျောင်းသူများနှင့်အတူကိုယ်ကာယ လေ့ကျင့်ခန်းများ ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။


အောင်သူ

 https://t.me/MyanmarNationalPost

No comments:

Post a Comment