Pages

Pages

"၀"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ အမှတ်(၃) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲ၏ ဖျော်ဖြေတင်ဆက်မှုအား ကြည့်ရှုအားပေး





MNP  -   ဇန်နဝါရီ ၂၃

"ဝ"ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း၊ ဟိုပန်ခရိုင်၊ ဟိုပန်မြို့နယ်တွင် အမှတ်(၃) နယ်လှည့်ပြည်သူ့ ဆက်ဆံရေးတပ်ခွဲမှ ပြဇာတ်ကြီးတပ်စု ဖျော်ဖြေတင်ဆက်မှုကို ယမန်နေ့ည(၇)နာရီက ဟိုပန်မြို့၊ဝဏ္ဏကျော်ထင် စဝ်ခွန်ဆမ်ခန်းမ၌ ကပြဖျော်ဖြေခဲ့ရာ “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးညီနပ်၊ အတွင်းရေးမှူး ဦးထွန်းထွန်းဝင်းနှင့် အဖွဲ့ဝင်များ၊ ခရိုင်/မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌများနှင့် အဖွဲ့ဝင်များက တက်ရောက်ကြည့်ရှု အားပေး ခဲ့သည်။


အများပြည်သူများ၊ ဌာနဆိုင်ရာ ဝန်ထမ်းများနှင့် တပ်ရင်းတပ်ဖွဲ့များ အား စိတ်အပန်းဖြေ ပျော်ရွှင်ချမ်းမြေ့စေရန် ရည်ရွယ်၍ လာရောက်ဖျော်ဖြေကပြပေး ခဲ့သည့် အမှတ်(၃) နယ်လှည့် ပြည်သူ့ဆက်ဆံရေးတပ်ခွဲ ပြဇာတ်ကြီးတပ်စုအား “ဝ”ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရတိုင်း စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌနှင့် ဌာနဆိုင်ရာတာဝန်ရှိသူများ၊ တပ်ရင်း၊ တပ်ဖွဲ့မှ အရာရှိစစ်သည်များက ဂုဏ်ပြုပန်းခြင်းနှင့်ဆုများ မေတ္တာ လက်ဆောင်များ ချီးမြှင့်ပေးအပ်ခဲ့ရာ တပ်ခွဲမှူး ဗိုလ်မှူးကံဇော်ဦး မှ လက်ခံရယူခဲ့သည်။


အဆိုပါ ဖျော်ဖြေတင်ဆက် မှုတွင် ရတနာပူရမန္တလာသူယိမ်း၊ မွင်းတိုင်းဟောင်း(ရှမ်းယိမ်း)၊ ဟာသပြဇာတ်၊ ပြည်ကြီးမဏ္ဍိုင်အငြိမ့်၊ စင်တင်မျက်လှည့်နှင့် တစ်ဦးချင်းအလိုက် မြန်မာသံစဉ်၊ စတိတ်ရှိုးတေးသံသာစသည့် အစီအစဉ်များဖြင့် ကပြဖျော်ဖြေခဲ့ကြောင်း သိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment