Pages

Pages

ရခိုင်ပြည်နယ် မောင်တောမြို့၌ (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကား လက်ကမ်းစာစောင်များ အသိပညာပေးဖြန့်ဝေ




MNP  -  ဇန်နဝါရီ ၂

ရခိုင်ပြည်နယ် မောင်တောမြို့၌ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန ရုံးချုပ်မှထုတ်ဝေသည့် (၇၅) နှစ်မြောက်စိန်ရတုလွတ်လပ်ရေးနေ့အထိမ်းအမှတ် သတင်းစကားလက်ကမ်း စာစောင်များကို ယနေ့ နံနက်ပိုင်းက ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ မောင်တောခရိုင်ရုံးမှ ဦးစီးအရာရှိ ဦးမြင့်ခိုင် နှင့် ဝန်ထမ်းများက အမှတ်(၁) နှင့် အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းများတွင်  လက်ကမ်းစာစောင်ရေ (၅၀၀)ဖြန့်ဝေခဲ့ကြောင်း သိရသည်။


အဆိုပါ  (၇၅)နှစ်မြောက် စိန်ရတုလွတ်လပ်ရေးနေ့ အထိမ်းအမှတ် သတင်းစကားလက်ကမ်းစာစောင်တွင်  အမျိုး သားရေး ဦးတည်ချက်(၅)ရပ် ၊စည်းလုံးညီညွတ်မှုကို တည်ဆောက်ရေး ၊ ဗိုလ်ချုပ်အောင်ဆန်း ၁၉၄၇ ခုနှစ်၊ ဇူလိုင်လ ၁၃ ရက် နေ့ မြို့တော်ခန်းမ၌ ကျင်းပ ပြုလုပ်သော ပြည်သူ့အစည်းအဝေးကြီးတွင် ပြောကြားခဲ့သည့် မိန့်ခွန်း ကောက် နုတ် ချက်၊ နိုင်ငံတော် စီမံအုပ်ချုပ်ရေး ကောင်စီဥက္ကဋ္ဌ၊ နိုင်ငံတော်ဝန်ကြီးချုပ် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင် (၄-၁-၂၀၂၂) ရက်နေ့ (၇၄)နှစ်မြောက် လွတ်လပ် ရေးနေ့ အခမ်းအနားသို့ပေးပို့သည့် သဝဏ်လွှာမှကောက်နုတ်ချက်၊ မြင်းမူမောင်နိုင်မိုး ရေးသားသည့် လွတ်လပ်ရေးပန်းမို့ မနွမ်းစေချင် ကဗျာ၊ ကာတွန်း၊ ဆောင်ပုဒ်များ စသည် တို့ပါဝင်ကြောင်းသိရသည်။  


အောင်ကျော်စိန် ၊သက်လွင်စိုး

https://t.me/MyanmarNationalPost

No comments:

Post a Comment