ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး - Myanmar National Post

Myanmar National Post

News Agency

Breaking

ဧရာဝတီတိုင်းဒေသကြီးအစိုးရအဖွဲ့ ဝန်ကြီးချုပ် ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကြည့်ရှုစစ်ဆေး






MNP  -   ဇန်နဝါရီ ၂၃

ဧရာဝတီတိုင်းဒေသကြီး၊ မအူပင်ခရိုင်၊ မအူပင်မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ဧရာဝတီတိုင်းဒေသကြီး အစိုးရအဖွဲ့ဝန်ကြီးချုပ်ဦးတင်မောင်ဝင်းနှင့် အဖွဲ့ဝင်များသည် ယမန်နေ့နံနက်ပိုင်းက ကြည့်ရှုစစ်ဆေးခဲ့သည်။


ရှေ့ဦးစွာ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် သိပ္ပံနှင့်နည်းပညာဝန်ကြီးဌာန၊ အဆင့်မြင့်သိပ္ပံနှင့်နည်းပညာဦးစီးဌာန၊ ကွန်ပျူတာတက္ကသိုလ်(မအူပင်)တွင် တည်ဆောက်လျက်ရှိသည့် RC (၃)ထပ်ပင်မကျောင်းဆောင် (၂၆၀ ပေ × ၁၆၀ ပေ) အဆောက် အဦးတည်ဆောက်ခြင်းလုပ်ငန်းအား ကြည့်ရှုစစ်ဆေးပြီး၊ အစိုးရနည်းပညာ အထက်တန်းကျောင်း (မအူပင်)တွင် တည်ဆောက်လျက်ရှိသည့်(192’ × 38’) Three Storeyed R.C.C Lecture Building ဆောက်လုပ်ခြင်း လုပ်ငန်းအား ကြည့်ရှုစစ်ဆေးသည်။


ဆက်လက်၍ ဝန်ကြီးချုပ်နှင့်အဖွဲ့ဝင်များသည် (၇၆)နှစ်မြောက်ပြည်ထောင်စုနေ့ကို ကြိုဆိုဂုဏ်ပြုသောအားဖြင့် မအူပင်မြို့၊ အမှတ်(၃)ရပ်ကွက်၊ ကမ်းနားလမ်း (စည်ပင်လမ်းနှင့် (၃)လမ်းကြား)ကွန်ကရစ်လမ်းသစ်အား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီး ကွန်ကရစ်လမ်းအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့သည်။


၄င်းနောက် မလက်တိုကျေးရွာ အခြေခံပညာ အထက်တန်းကျောင်းတွင် အောင်ချက်မြင့်မားရေးအတွက် အချိန်ပိုစာသင်ကြားနေမှုများအား ကြည့်ရှု့အားပေးကာ ကျောင်းသုံးဗလာစာအုပ်များအား လှူဒါန်းပေးခဲ့သည်။ ဆက်လက်၍ ပလောင်ကျေးရွာရှိ တောင်သူဦးစိန်ဝင်းမြိုင်၏ နွေစပါးစိုက်ခင်းအား ကြည့်ရှုစစ်ဆေးပြီး တော်တလုပ်ကျေးရွာအုပ်စုရှိ တောင်သူဦးမင်းထင်စိုက်ပျိုးထားသည့် ဆီးထွက်သီးနှံ(နေကြာ) အောင်မြင်ဖြစ်ထွန်းနေမှုများအား ကြည့်ရှုအားပေး ခဲ့ကြောင်းသိရသည်။


 https://t.me/MyanmarNationalPost

No comments:

Post a Comment

Donate and Support

Donate and Support

မြန်မာနေရှင်နယ်ပို့စ် သတင်းအေဂျင်စီ သည် အမျိုးသားရေးကို ဦးထိပ်ထားသည့် သတင်းမီဒီယာဖြစ်ပါသည်။ တိုင်းရင်းသား ပြည်သူများ သတင်းမှန်များ သိရှိစေရေးကိုသာ ဦးစားပေး ဆောင်ရွက်လျက်ရှိပါသည်။ မြန်မာနေရှင်နယ်ပို့စ်သို့ အနှောင်အဖွဲ့ကင်းစွာ ကူညီပံ့ပိုးနိုင်ပါသည်။

KBZ Pay - 09793975969 (U Nauing Win Tun)

Wave Pay - 09692366274 (U Naing Win Tun)