Pages

Pages

ပျဉ်းမနားမြို့နယ်အတွင်းရှိ တောင်သူဦးရေ (၉၅၅)ဦး၏ စိုက်ပျိုးဧက (၄၄၁၄)ဧကအတွက် ကျပ်(၄၄၁၄)သိန်းကို ထုတ်ချေးပေးပြီးဖြစ်


MNP  -   ဇန်နဝါရီ ၁၉

ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ပျဉ်းမနားမြို့နယ်အတွင်းရှိ စိုက်ပျိုးရေးလုပ်ငန်း လုပ်ကိုင်နေကြသည့် တောင်သူများအတွက် သွင်းအားစုလုပ်ငန်းများတွင် အထောက်အကူဖြစ်စေရန် ရည်ရွယ်၍ မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ ၂၀၂၂ ခုနှစ် ဆောင်းသီးနှံစိုက်ပျိုးစရိတ်ချေးငွေများကို သတ်မှတ်အုပ်စုများအလိုက် ထုတ်ချေးပေးလျက်ရှိကြောင်း သိရသည်။


ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ်မှ လယ်ယာလုပ်ငန်းခွင်သို့ဝင်ကြမည့် တောင်သူများအတွက် အချိန်နှင့် တစ်ပြေးညီ စိုက်ပျိုးရေးလုပ်ငန်းများဆောင်ရွက်နိုင်စေရန်နှင့်  လယ်ယာစိုက်ပျိုးရေးကဏ္ဍ ဖွံ့ဖြိုးတိုးတက်စေရန်ရည်ရွယ်၍ ၂၀၂၂ခုနှစ် ဆောင်းသီနှံစိုက်ပျိုးစရိတ် ချေးငွေများကို အောက်တိုဘာ ၆ ရက်နေ့မှ စတင်ထုတ်ချေးပေး လျက်ရှိရာ ယနေ့ထိ တောင်သူဦးရေ (၉၅၅)ဦး၏ စိုက်ပျိုးဧက(၄၄၁၄)ဧကအတွက် တစ်ဧကလျှင်(၁)သိန်းကျပ်နှုန်းဖြင့် ငွေကျပ်(၄၄၁၄)သိန်းကို ထုတ်ချေးပေးခဲ့ပြီးဖြစ်ကြောင်း ပျဉ်းမနားမြို့နယ် မြန်မာ့လယ်ယာဖွံ့ဖြိုးရေးဘဏ် မြို့နယ်မန်နေဂျာ ဒေါ်နန့်တင်စန်းထံမှ သိရသည်။


မျိုးသီဟ

 https://t.me/MyanmarNationalPost

No comments:

Post a Comment