Pages

Pages

မိတ္ထ္လီလာမြို့နယ်တွင် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်(စတုတ္ထ)နှစ်ပတ်လည်အစည်းအဝေးကျင်းပ



MNP  -  ဇန်နဝါရီလ ၂၃

မန္တလေးတိုင်းဒေသကြီး၊  မိတ္ထီလာမြို့နယ်တွင် အဋ္ဌမအကြိမ် မြို့နယ်သံဃာ့ဝန်ဆောင်(စတုတ္ထ) နှစ်ပတ်လည် အစည်းအဝေးကို ယမန်နေ့ နံနက် ၉ နာရီအချိန်က သာသနာဝေပုလ္လပါဠိ တက္ကသိုလ်ကျောင်း တိုက်ရှိ မဟာဝီဇယဓမ္မဗိမာန်တော်ကြီးတွင် ကျင်းပခဲ့ကြောင်း သိရသည်။


 အခမ်းအနားတွင်  နိုင်ငံတော်သံဃမဟာနာယက ဒုတိယဥက္ကဋ္ဌ ဘဒ္ဒန္တကောဝိဒက သြဝါဒစကား မိန့်ကြားခဲ့ပြီး  မြို့နယ်သြဝါဒါစရိယ ဘဒ္ဒန္တဥတ္တရနှင့် မြို့နယ်သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရတို့က သြဝါဒကထာကို  ချီးမြှင့်ခဲ့ကြသည်။ ထို့နောက် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးက သာသနာရေးရာ ကိစ္စများနှင့် စပ်လျဉ်း၍ လျှောက်ထားခဲ့ပြီး တစ်နှစ်တာကာလအတွင်း သာသနာ့တာဝန်ကို ထမ်းဆောင်တော်မူကြရင်း ပျံလွန်တော်မူသွားကြသော မြို့နယ်သံဃာ့ဝန်ဆောင် ဆရာတော်များအတွက် သံဝေဂဉာဏ်ပွားများသောအားဖြင့် အနိစ္စဝတသင်္ခါရာ စသော သုံးဂါထာကို  ရွတ်ဆို၍ မှတ်တမ်းတင်တော်မူခဲ့ကြပြီး တစ်နှစ်တာကာလအတွင်း ဆောင်ရွက်တော်မူခဲ့သော မြို့နယ်သံဃနာယကအဖွဲ့၏ အစီရင်ခံစာအကျဉ်းကို အကျိုးတော်ဆောင်ဆရာတော်ဘဒ္ဒန္တဝိလာသ က တင်သွင်းလျှောက်ထားတော်မူခဲ့သည်။


ယင်းနောက် မြို့နယ်သံဃနာယကအဖွဲ့၏ အစီရင်ခံစာကို နယ်မြေကိုယ်စားလှယ် ဆရာတော်များက ဝေဖန်ဆွေးနွေးတော်မူခဲ့ရာ ၎င်းဆွေးနွေး အကြံပြုချက်အပေါ် သက်ဆိုင်ရာ မြို့နယ်သံဃနာယက ဆရာတော်များက ပြန်လည်လျှောက်ထားခဲ့ပြီး မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ ဘဒ္ဒန္တကေသရက သာရဏီယသြဝါဒကထာကို မိန့်ကြားတော်မူခဲ့ပြီးနောက် အဆိုပါအစည်းအဝေးကို ကြွရောက်တော်မူလာကြသည့် ဆရာတော်များက ဧယန္တော ဗောဓိယာမူလေ နှစ်ဂါထာကို သုံးကြိမ် ရွတ်ဆို ပူဇော်ခဲ့ကြကြောင်း သိရသည်။                                                                  


သိန်းမြင့်ကျော်

 https://t.me/MyanmarNationalPost

No comments:

Post a Comment