Pages

Pages

ရွှေတောင်မြို့နယ် တွင်အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေး (၁/၂၀၂၃) (မွမ်းမံ) သင်တန်းဆင်းပွဲ ကျင်းပ



MNP  -  ဇန်နဝါရီ ၂၈

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ရွှေတောင်မြို့နယ် သရက်သုံးပင်အုပ်စု၊ သရက်သုံးပင် ကျေးရွာတွင် ယမန်နေ့ နံနက်ပိုင်းက အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး ( ၁/၂၀၂၃) (မွမ်းမံ) သင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းက ကျင်းပခဲ့သည်။


အခမ်းအနားတွင် ရွှေတောင်မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်က သင်တန်းဆင်းမိန့်ခွန်း စကားပြောကြားခဲ့သည်။ဆက်လက်၍ သရက်သုံးပင် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ သင်တန်းဖွင့်လှစ်ပေးမှုအပေါ် ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့သည်။ ထို့နောက်ရွှေတောင်မြို့နယ် စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်ကသင်တန်း ဆင်းလက်မှတ်များ ပေးအပ်ခဲ့သည်။


အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ဥက္ကဋ္ဌ ဦးဟံဝင်းအောင်နှင့်အဖွဲ့ဝင်များ၊ မြို့နယ်မီးသတ်ဦးစီးမှူး၊ လက်ထောက်ပညာရေးမှူး၊ သရက်သုံးပင်အုပ်စုကျေးရွာ အုပ်ချုပ်ရေးမှူးနှင့်အဖွဲ့ဝင်များ၊ ကျေးရွာမီးဘေးလုံခြုံရေး အထောက်အကူပြုကော်မတီအဖွဲ့ဝင်များ၊ သရက်သုံးပင်ကျေးရွာအုပ်ချုပ်ဒေသ အရန်မီးသတ်တပ်ဖွဲ့သင်တန်းသားများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ကိုကိုမင်း 

 https://t.me/MyanmarNationalPost

No comments:

Post a Comment