Pages

Pages

ပန်းတောင်း မြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းဆောင်ရွက်




MNP   -  ဇန်နဝါရီ ၁၄

ပဲခူးတိုင်းဒေသကြီး၊ ပြည်ခရိုင်၊ ပန်းတောင်းမြို့နယ်တွင် အခြေခံပညာကျောင်းများသို့ အားကစားပညာပေးဟောပြောခြင်းနှင့် သရုပ်ပြခြင်းကို ယမန်နေ့ နံက်ပိုင်းက မူလွန် နတ်မောက်ကျောင်း၌ ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ထို့သို့ဆောင်ရွက်ရာတွင် မြို့နယ်အားကစားမှူး ဒေါ်စောမာလာက ကျောင်းသား၊ ကျောင်းသူများကို အားကစားနှင့်ပတ်သတ်သော အသိပညာပေးဟောပြောခြင်းများ ဆောင်ရွက်ပြီး လက်တွေ့အားကစားနည်းများကို လေ့ကျင့်ပေးခဲ့ကြောင်း သိရသည်။


ထို့နောက် ကျောင်းသား၊ ကျောင်းသူများကို အတန်းလိုက်အားကစားသရုပ်ပြခြင်းလုပ်ငန်းများ ဆောင်ရွက်၍ အားကစားမှူး ဒေါ်စောမာလာမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်အေးအေးထိုက်ထံသို့ အားကစားပစ္စည်းများ လှူဒါန်းခဲ့ကြောင်း သိရသည်။


သင်းသင်းအေး

https://t.me/MyanmarNationalPost

No comments:

Post a Comment