Pages

Pages

နောင်ချိုမြို့နယ် နမ့်ဆောင်ဟူးအခြေခံပညာအထက်တန်းကျောင်းခွဲတွင် ၂၀၂၂-၂၀၂၃ ပညာသင်နှစ် ပညာရေးစုံညီပွဲတော်အခမ်းအနား ပြုလုပ်ဆောင်ရွက်






MNP  -  ဇန်နဝါရီ ၂၁

ရှမ်းပြည်နယ်(မြောက်ပိုင်း)၊ ကျောက်မဲခရိုင်၊ နောင်ချိုမြို့နယ် နမ့်ဆောင်ဟူး အခြေခံပညာအထက်တန်းကျောင်းခွဲ၏ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည် ချွန်ဆုနှင်းသဘင်နှင့် ၂၀၂၂-၂၀၂၃ ပညာသင်နှစ်ပညာရေး စုံညီပွဲတော်အခမ်းအနားကို ယနေ့ နံနက် ၁၀နာရီ အချိန်က အဆိုပါကျောင်းတွင် ပြုလုပ်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။


ရှေးဦးစွာ အမှတ်(၂) အခြေခံပညာအထက်တန်းကျောင်းမှ Grade-11 ကျောင်းသား၊ ကျောင်းသူ များက “ပညာရေးစုံညီပွဲတော်” သီချင်းဖြင့် အခမ်းအနားကို ဖွင့်လှစ်ပေးခဲ့ပြီးနောက် မြို့နယ်ပညာရေးမှူး ဒေါ်အေးအေးသင်း၊ အမှတ်(၆၀၆)ဒုံးတပ်ရင်းမှ ခေတ္တတပ်ရင်းမှူး ဗိုလ်မှူး ကျော်မင်းဦးတို့က အသီးသီး  အမှာစကားပြောကြားခဲ့ကာ    ကျောင်းအကျိုးတော်ဆောင်ရာအိမ်မှူး  ဦးခင်မောင်ဦးက ကျောင်းဖွံ့ဖြိုးတိုးတက်မှု လုပ်ငန်းစဉ်များအား ရှင်းလင်းပြောကြားခဲ့သည်။ ဆက်လက်၍ နမ့်ဆောင်ဟူး အခြေခံပညာအထက်တန်းကျောင်းခွဲမှ ကျောင်းအုပ်ဆရာမကြီး ဒေါ်နန်းသန္တာမြင့်က စုံညီပွဲတော်ဖြစ်မြောက်အောင် အဘက်ဘက်မှ ပူးပေါင်းဆောင်ရွက်ပေးခဲ့ကြသူများအား ကျေးဇူးတင်စကား ပြောကြားခဲ့ကြောင်း သိရသည်။


ဆက်လက်၍ ပညာရေးစုံညီပွဲတော်ဖြစ်မြောက်အောင် တစ်ဖက်တစ်လမ်းမှ အားဖြည့်ကူညီလှူဒါန်းပေးကြသည့် အလှူရှင်များအားလည်းကောင်း၊ ၂၀၂၁-၂၀၂၂ ပညာသင်နှစ် ပညာရည်ချွန် ဆုရရှိသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊ ဂုဏ်ထူးရအောင်သင်ကြားပေးသော ဆရာ၊ ဆရာမများ၊  ကာယ၊ဉာဏ၊ စာရိတ္တထူးချွန်ဆုရရှိကြသည့် ကျောင်းသား၊ ကျောင်းသူများအားလည်းကောင်း၊  ဂုဏ်ပြုမှတ်တမ်းလွှာနှင့် ဆုတံဆိပ်စုစုပေါင်း(၇၀)ကို တာဝန်ရှိသူအသီးသီးက ပေးအပ်ချီးမြှင့်ခဲ့ကြကာ ကျောင်းသား၊ ကျောင်းသူလေးများက အကအလှများဖြင့် ဧည့်ခံဖျော်ဖြေခဲ့ ကြကြောင်း သိရသည်။


အဆိုပါ ပညာရေးစုံညီပွဲတော်သို့ နယ်မြေခံတပ်နယ်များမှ အရာရှိများ၊ မြို့နယ်အဆင့်ဌာနဆိုင်ရာများ၊ ကျောင်းအုပ်ဆရာကြီး၊ ဆရာမကြီးများ၊ ဆုရကျောင်းသား၊ ကျောင်းသူများ၊ ကျောင်းသား မိဘများနှင့် အလှူရှင်များ တက်ရောက်ခဲ့ကြကြောင်း သိရသည်။


ထွေးငယ်

 https://t.me/MyanmarNationalPost

No comments:

Post a Comment