Pages

Pages

ဒဂုံမြို့သစ်(အရှေ့ပိုင်း)မြို့နယ်၌ အသက်(၅)နှစ်မှ (၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၆၃၅)ဦး ကိုဗစ်−၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေးထိုးနှံ



MNP  -   ဇန်နဝါရီ ၁၈

ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ်(အရှေ့ပိုင်း) မြို့နယ်တွင် ပညာသင်ကြားလျက်ရှိသော အခြေခံပညာကျောင်းများမှ အသက်(၅)နှစ်မှ(၁၂)နှစ်အထိ ကျောင်းသား၊ ကျောင်းသူ(၆၃၅)ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Myan copharm ထိုးနှံခြင်းကို ယမန်နေ့ နံနက်ပိုင်းက အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်းနှင့် အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းတို့တွင်စုရပ်(၂)ရပ်ပြုလုပ်၍ ကွင်းဆင်း ထိုးနှံပေးလျက်ရှိသည်။


အဆိုပါကာကွယ်ဆေးထိုးနှံခြင်းလုပ်ငန်းတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့၏ကြီးကြပ်မှုဖြင့် မြို့နယ်ပြည်သူ့ကျန်းမားရေးဦးစီးဌာနမှ တာဝန်ရှိသူနှင့်ကျန်းမာရေးဆေးထိုးအဖွဲ့များ၊ အမက(၂၁)၊ အမက(၁)ဆေးထိုးစုရပ်များမှ ကျောင်းအုပ်ဆရာမကြီးများ၊ ဆရာ၊ ဆရာမများက ပူးပေါင်း၍ ကာကွယ်ဆေးများ ထိုးနှံပေးရာတွင်ကာကွယ်ဆေးမထိုးမီ စာရင်းရေးသွင်းခြင်း၊ ကိုယ်အပူချိန်တိုင်းတာခြင်း၊ သွေးပေါင်ချိန်ပေးခြင်း၊ ကာကွယ်ဆေးထိုးနှံပေးပြီးနောက် ကျောင်းသား၊ ကျောင်းသူများအား နာရီဝက်ခန့် စောင့်ကြည့်ပြီးမှ ပြန်လည်ထွက်ခွာစေခြင်းတို့ကို စနစ်တကျဆောင်ရွက်ပေးခဲ့သည်။


အမှတ်(၂၁)အခြေခံပညာမူလတန်းကျောင်း ကာကွယ်ဆေးထိုးစုရပ်တွင် ကျောင်းသား၊ ကျောင်းသူ(၄၇၅)ဦး၊ အမှတ်(၁)အခြေခံပညာမူလတန်းကျောင်းမှ ကျောင်းသား၊ ကျောင်းသူ (၁၆၀)ဦး ၎င်းစုရပ်ကျောင်း(၂)ကျောင်း၌စုစုပေါင်းကျောင်းသား၊ ကျောင်းသူ (၆၃၅)ဦးအား ကိုဗစ်-၁၉ရောဂါ ထပ်ဆောင်းကာကွယ်ဆေး Myan Copharmထိုးနှံပေးခဲ့ကြောင်း သိရသည်။


ဝင်းအိမွန်

 https://t.me/MyanmarNationalPost

No comments:

Post a Comment