Pages

Pages

ဘီးလင်းမြို့နယ်၌အရန်မီးသတ်တပ်ဖွဲ့ဝင်များလေ့ကျင့်ရေးမွမ်းမံသင်တန်း ဖွင့်လှစ်




MNP  -  ဇန်နဝါရီ ၂

 မွန်ပြည်နယ် ဘီးလင်းမြို့နယ်၌ အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး မွမ်းမံသင်တန်း ဖွင့်ပွဲအခမ်းအနားကို ယနေ့ နံနက် ၁၀ နာရီက ဘီးလင်းမြို့နယ် မီးသတ်ဦးစီးဌာနရုံး သင်တန်းခန်းမ၌ ကျင်းပပြုလုပ်သည်။


   ရှေးဦးစွာ ဘီးလင်းမြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနမှ မြို့နယ် အုပ်ချုပ်ရေးမှူး ဦးစည်သူအောင်က သင်တန်းဖွင့်အမှာစကား ပြောကြားပြီး မြို့နယ် မီးသတ်ဦးစီးဌာနမှ ဦးစီးအရာရှိ ဦးထွန်းထွန်းလင်းက သင်တန်းဖွင့်လှစ်ရခြင်းရည်ရွယ်ချက်ကို ရှင်းလင်းပြောကြားခဲ့သည်။


   ထို့နောက် အရန်မီးသတ်တပ်ဖွဲ့ဝင်များ လေ့ကျင့်ရေး သင်တန်းဖွင့်လှစ်ခဲ့ရာ ဘီးလင်းမြို့နယ် ရပ်ကွက်နှင့်ကျေး ရွာ အတွင်းရှိ အရန်မီးသတ်တပ်ဖွဲ့ဝင်သင်တန်းသား ၅၀ ဦးတက်ရောက်ခဲ့ပြီးသင်တန်း နည်းပြ ၃ ဦးတို့က ဇန်နဝါရီ ၂ ရက်နေ့မှ ရက်သတ္တပတ် ၄ ပတ်ကြာ  သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်းသိရသည်။


ထူးနောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment