Pages

Pages

ငပလီမြို့၌ ကမ်းခြေသန့်ရှင်းသာယာလှပရေး စုပေါင်းဆောင်ရွက်




MNP  -   ဇန်နဝါရီ ၁၄

ရခိုင်ပြည်နယ်၊ သံတွဲခရိုင် ၊ ငပလီမြို့တွင် မြို့သန့်ရှင်းသာယာလှပရေးအတွက် ဌာနဆိုင်ရာများ ၊လူမှုရေးအသင်းအဖွဲ့များစုပေါင်း၍ အပတ်စဉ် စနေနေ့တိုင်း စုပေါင်းသန့်ရှင်းရေးကို လူထု လှုပ်ရှားမှုအသွင်ဖြင့် ဆောင်ရွက်လျက်ရှိရာ ယနေ့ နံနက်(၇)နာရီအချိန်တွင်ငပလီကမ်းခြေ ပတ်ဝန်းကျင်သန့်ရှင်း သာယာ လှပရေး အတွက်စုပေါင်း ဆောင်ရွက်ခဲ့ကြကြောင်းသိရသည်။


စုပေါင်းသန့်ရှင်းရေးဆောင်ရွက်ရာတွင်၊ မြို့နယ်ဌာနဆိုင်ရာများ၊လူမှုရေးအသင်းများစုပေါင်း၍ ငပလီကမ်းခြေတစ်လျှောက် တံမျက်စည်းလှဲခြင်း၊အမှိုက်ကောက်ခြင်းများကိုဆောင်ရွက်ခဲ့ကြ သည်။


အဆိုပါ စုပေါင်းသန့်ရှင်းရေးကိုဌာနဆိုင်ရာများ၊လူမှု​ေရးေအသင်းအဖွဲ့များဆောင်ရွက်ခဲ့​ကြ ကြောင်းသိရသည်။


https://t.me/MyanmarNationalPost

No comments:

Post a Comment