Pages

Pages

စဉ့်ကူးမြို့နယ်တွင် နိုင်ငံသားများ၏ ကိုယ်ရေးအချက်အလက်နှင့်အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများ ဆောင်ရွက်



MNP -   ဇန်နဝါရီ    ၉

မန္တလေးတိုင်းဒေသကြီး၊ သပိတ်ကျင်းခရိုင်၊ စဉ့်ကူးမြို့နယ်တွင် နိုင်ငံသားများ၏ ကိုယ်ရေး အချက်အလက်နှင့်  အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း မြေပြင်ကွင်းဆင်း ကောက်ယူခြင်းလုပ်ငန်းများကို စဉ့်ကူးမြို့နယ်အတွင်းရှိ မြို့ပေါ်ရပ်ကွက်များနှင့် ကျေးရွာများတွင် ယနေ့နံနက်ပိုင်း မှစ၍ စတင်ဆောင်ရွက်လျက်ရှိသည်။ 


ထိုသို့ ဆောင်ရွက်ရာတွင် ဌာနဆိုင်ရာဝန်ထမ်းများ၊ ရပ်ကွက်/ကျေးရွာ အုပ်ချုပ်ရေးမှူးများ၊ ရပ်/ကျေးစာရေးများ၊ ရာအိမ်မှူးနှင့် ဆယ်အိမ်မှူးများ ပါဝင်သော မြေပြင်တစ်အိမ်တက်ဆင်း ကွင်းဆင်းကောက်ယူရေးအဖွဲ့ (Working Group)သည်  အိမ်ထောင်စုလူဦးရေစာရင်း မှန်ကန်စေရေး တစ်အိမ်တက်ဆင်း တိုက်ဆိုင်စစ်ဆေး စာရင်းကောက်ယူလျက်ရှိရာ ထိုသို့ ဆောင်ရွက်ရာသို့ သပိတ်ကျင်းခရိုင် စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဌ ဦးရဲမြတ်တင့် နှင့် ခရိုင်စီမံ အုပ်ချုပ်ရေးအဖွဲ့ဝင်များ၊ စဉ့်ကူးမြို့နယ်စီမံအုပ်ချုပ်ရေး အဖွဲ့ဥက္ကဋ္ဌ ဦးထွန်းကျော်နိုင်နှင့် အဖွဲ့ဝင်များ၊ လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အားဝန်ကြီးဌာန သပိတ်ကျင်းခရိုင်ဦးစီးမှူး ဦးဇော်ဝင်းမြင့်နှင့် မြို့နယ်ဦးစီးမှူး ဦးရွှေဝင်း တို့က လိုက်လံကြည့်ရှုစစ်ဆေး၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့ကြသည်။ 


ထိုသို့ မြေပြင်တစ်အိမ်တက်ဆင်းကွင်းဆင်းကောက်ယူခြင်းလုပ်ငန်းများကို ဇန်နဝါရီ ၁ ရက်နေ့မှ ၃၁ ရက်နေ့အထိ အပြီးသတ်ကောက်ယူဆောင်ရွက်သွားမည်ဖြစ်ကြောင်း မြို့နယ်မြေပြင်ကွင်းဆင်း စာရင်းကောက်ယူရေး ကြီးကြပ်မှုကော်မတီ အတွင်းရေးမှူး ဦးရွှေဝင်း ထံမှ သိရသည်။ 


တင်ဇာလွင်

https://t.me/MyanmarNationalPost

No comments:

Post a Comment