Pages

Pages

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်းသီးနှံစိုက်ပျိုးမည့်တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ဓာတ်မြေသြဇာများဖြန့်ဖြူးရောင်းချ




MNP  -   ဇန်နဝါရီ ၁၀

ရခိုင်ပြည်နယ်အစိုးရအဖွဲ့အစီအစဉ်ဖြင့် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအား ဈေးနှုန်းချိုသာစွာဖြင့် ကိုးရီးယားဓာတ်မြေသြဇာများ ဖြန့်ဖြူးရောင်းချခြင်းကို ယမန်နေ့၊ နေ့လည်(၁၁)နာရီက ပုဏ္ဏားကျွန်းမြို့နယ် စိုက်ပျိုးရေးဦးစီး ဌာနရုံး၊ အစည်းအဝေးခန်းမတွင် ဓာတ်မြေသြဇာ(၂၅၀)အိတ်ကို ဖြန့်ဖြူးရောင်း ချပေးခဲ့ကြောင်းသိရသည်။


ထိုသို့ဖြန့်ဖြူးရောင်းချရာတွင် မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ ဦးမောင်စံဝင်းက ၂၀၂၂-၂၀၂၃ ခုနှစ်၊ ကျေးရွာအုပ်စုအလိုက် စတုတ္ထအကြိမ်ခွဲတမ်းတွင်ပါဝင်သည့် ဆောင်းသီးနှံစိုက်ပျိုးမည့် တောင်သူများအတွက်သာ ဦးစားပေး ရောင်းချပေးရခြင်းဖြစ်ပါကြောင်း၊ တောင်သူများအနေဖြင့် အထွက်နှုန်းကောင်းမွန်စေရေးအတွက် စိုက်ပျိုးရေးလုပ်ငန်းတွင် အကျိုးရှိရှိအသုံးချစေလိုပါကြောင်း ရှင်းလင်း ပြောကြားပြီး၊ ဆောင်းသီးနှံစိုက်ပျိုးနေသည့် ကျေးရွာအုပ်စု(၉) အုပ်စုသို့ ဓာတ်မြေသြဇာ(၂၅၀)အိတ်ကို မြို့နယ်စီမံအုပ်ချုပ်ရေးအဖွဲ့ ဥက္ကဋ္ဌ နှင့်အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများနှင့်တာဝန်ရှိသူတို့က သက်ဆိုင်ရာကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးများနှင့် တောင်သူလယ် သမားတို့၏ ကိုယ်စားလှယ်များထံသို့ ဖြန့်ဖြူးရောင်းချပေးခဲ့ ကြောင်းသိရသည်။ 


နီထွန်းအောင်

https://t.me/MyanmarNationalPost

No comments:

Post a Comment